ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4 MSB

ယေ​ရှု​နှင့်​ရှ​မာ​ရိ​အ​မျိုး​သ​မီး

1 ယေ​ရှု​သည် ယော​ဟန်​ထက် ပို​၍​များ​သော​သူ​တို့​ကို​တ​ပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိ​ဇံ​ပေး​နေ​သည်​ဟု ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြောင်း ယေ​ရှု​သိ​တော်​မူ​သော​အ​ခါ

2 (အ​မှန်​အား​ဖြင့် ယေ​ရှု​ကိုယ်​တိုင်​ဗတ္တိ​ဇံ​ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ တ​ပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။)

3 ကိုယ်​တော်​သည် ယု​ဒ​နယ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။

4 ကိုယ်​တော်​သည် ရှ​မာ​ရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်​၍

5 ယာ​ကုပ်​က မိ​မိ​၏​သား​ယော​သပ်​အား ပေး​ခဲ့​သည့်​မြေ​ကွက်​အ​နီး​ရှိ ရှု​ခါ​ဟု​ခေါ်​သော ရှ​မာ​ရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်​မူ​၏။

6 ထို​အ​ရပ်​၌ ယာ​ကုပ်​၏​ရေ​တွင်း​ရှိ​လေ​ရာ ယေ​ရှု​သည် ခ​ရီး​ပန်း​သ​ဖြင့် ထို​ရေ​တွင်း​နား​မှာ​ထိုင်​နေ​တော်​မူ​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။

7 ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်​ရှိ​လာ​ရာ ယေ​ရှု​က “ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အ​မျိုး​သ​မီး​အား မိန့်​တော်​မူ​၏။

8 တ​ပည့်​တော်​တို့​ကား အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။

9 ထို​ရှ​မာ​ရိ​အ​မျိုး​သ​မီး​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​ဖြစ်​လျက်​နှင့် ရှ​မာ​ရိ​အ​မျိုး​သ​မီး​ဖြစ်​သော​ကျွန်​မ​ထံ​မှ သောက်​ရေ​ကို အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း”​ဟု ဆို​၏။ [ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ရှ​မာ​ရိ​နယ်​သား​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​လေ့​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။]

10 ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြော​ဆို​နေ​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အ​သက်​ရေ​ကို​ပေး​ခဲ့​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

11 ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ အ​ရှင့်​မှာ​ရေ​ခပ်​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ဤ​ရေ​တွင်း​လည်း​နက်​သည်​ဖြစ်​၍ ထို​အ​သက်​ရေ​ကို အ​ဘယ်​က​ရ​ပါ​မည်​နည်း။

12 အ​ရှင်​သည် ကျွန်​မ​တို့​၏​အ​ဖ ယာ​ကုပ်​ထက် ကြီး​မြတ်​ပါ​သ​လော။ ယာ​ကုပ်​သည် ဤ​ရေ​တွင်း​ကို ကျွန်​မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်​တိုင်​မှ​စ​၍ သူ​၏​သား​သ​မီး​များ​နှင့် သူ​မွေး​မြူ​သော​တိ​ရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

13 ယေ​ရှု​က​လည်း “ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​ဦး​မည်။

14 ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ ရေ​ငတ်​မည်​မ​ဟုတ်။ ထို​ထက်​မ​က ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာ​ဝ​ရ​အ​သက်​တိုင်​အောင် ရေ​ပန်း​ထွက်​ရာ စမ်း​ရေ​ပေါက်​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

15 ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ ကျွန်​မ​သည် ရေ​မ​ငတ်​စေ​ရန်​နှင့် ဤ​နေ​ရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်​မ​အား​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လျှင်

16 ယေ​ရှု​က “သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေ​ရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

17 ထို​အ​မျိုး​သ​မီး​က​လည်း “ကျွန်​မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေ​ရှု​က “ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။

18 အ​ဘယ်​ကြောင့်​ဆို​သော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယ​ခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သော​ကြောင့် သင်​ပြော​သော​စ​ကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်​မူ​၏။

19 ထို​အ​မျိုး​သ​မီး​က​လည်း “အ​ရှင်၊ အ​ရှင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို ကျွန်​မ​ရိပ်​မိ​ပါ​၏။

20 ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်​၌ ဝတ်​ပြု​ကိုး​ကွယ်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​တို့​က​မူ ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​နေ​ရာ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သည်​ဟူ​၍ ပြော​ဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

21 ယေ​ရှု​က “အ​သင်​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်​၌​လည်း​မ​ဟုတ်၊ ဂျေ​ရု​ဆ​လင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အ​ရပ်​တွင် ခ​မည်း​တော်​ကို ကိုး​ကွယ်​မည့်​အ​ချိန်​ကာ​လ​ရောက်​လာ​လိမ့်​မည်။

22 ကယ်​တင်​ခြင်း​သည် ဂျူး​လူ​မျိုး​တို့​ထဲ​မှ​ဖြစ်​ပေါ်​လာ​သည်​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ​၏။

23 သို့​သော် စစ်​မှန်​သော​ကိုး​ကွယ်​သူ​တို့​သည် ဝိ​ညာဉ်​နှင့်​သမ္မာ​တ​ရား​အား​ဖြင့် ခ​မည်း​တော်​ကို ကိုး​ကွယ်​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို အ​လို​ရှိ​တော်​မူ​၏။

24 ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​ဖြစ်​တော်​မူ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​သည် ဝိ​ညာဉ်​နှင့်​သမ္မာ​တ​ရား​အား​ဖြင့် ကိုး​ကွယ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

25 ထို​အ​မျိုး​သ​မီး​က​လည်း “ခ​ရစ်​တော်​ဟု​ခေါ်​ဝေါ်​သော မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား အ​လုံး​စုံ​တို့​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်”​ဟု လျှောက်​လျှင်

26 ယေ​ရှု​က “သင်​နှင့်​စ​ကား​ပြော​နေ​သော​ငါ​သည် ထို​အ​ရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ရိတ်​သိမ်း​ရန်​အ​ချိန်​ကျ​ရောက်​ခြင်း

27 ထို​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည်​ပြန်​လာ​၍ အ​မျိုး​သ​မီး​တစ်​ဦး​နှင့် ယေ​ရှု​စ​ကား​ပြော​လျက်​နေ​တော်​မူ​သည်​ကို အံ့​သြ​ကြ​၏။ သို့​သော် ‘မည်​သည့်​အ​လို​ရှိ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း၊ ‘အ​ဘယ်​ကြောင့် ထို​အ​မျိုး​သ​မီး​နှင့် စ​ကား​ပြော​လျက်​နေ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း မည်​သူ​မျှ မ​မေး​လျှောက်​ကြ​ချေ။

28 ထို​အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​၏​ရေ​အိုး​ကို​ထား​ခဲ့​၍ မြို့​ထဲ​သို့​သွား​ပြီး​လျှင်

29 “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ကျွန်​မ​အား​ထုတ်​ဖော်​ပြော​ဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခ​ရစ်​တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သ​ဖြင့်

30 လူ​တို့​သည် မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​ထံ​သို့​လာ​ကြ​၏။

31 ထို​အ​ချိန်​အ​တော​အ​တွင်း​၌ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံး​ဆောင်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​ပန်​ကြား​ကြ​၏။

32 သို့​သော် ကိုယ်​တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စား​စ​ရာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

33 ထို့​ကြောင့် တ​ပည့်​တော်​တို့​က “တစ်​စုံ​တစ်​ယောက်​သည် ကိုယ်​တော်​အား စား​စ​ရာ​ကို​ယူ​လာ​ပေး​ပြီ​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

34 ယေ​ရှု​က​လည်း “ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​၏​အ​လို​တော်​ကို ဆောင်​ရွက်​၍ သူ​၏​အ​မှု​တော်​ကို​ပြီး​မြောက်​စေ​ခြင်း​သည် ငါ​၏​အ​စား​အ​စာ​ဖြစ်​၏။

35 သင်​တို့​က ‘ရိတ်​သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို မျှော်​ကြည့်​ကြ​လော့။ ရိတ်​သိမ်း​ရန်​အ​သင့်​ရှိ​လျက် ဝင်း​မှည့်​နေ​ပြီ။

36 မျိုး​ကြဲ​သော​သူ​နှင့်​ရိတ်​သိမ်း​သော​သူ​သည် အ​တူ​တ​ကွ​ဝမ်း​မြောက်​ကြ​မည့်​အ​ကြောင်း ရိတ်​သိမ်း​သော​သူ​သည် ဆု​လာဘ်​ကို​ရ​ရှိ​လျက် ထာ​ဝ​ရ​အ​သက်​အ​တွက် အ​သီး​အ​နှံ​ကို​စု​သိမ်း​နှင့်​ပြီ။

37 ထို့​ကြောင့် ‘တစ်​ဦး​က မျိုး​ကြဲ​လျက် အ​ခြား​တစ်​ဦး​က ရိတ်​သိမ်း​၏’​ဟူ​သော​ဆို​ရိုး​စ​ကား​သည် ဤ​နေ​ရာ​၌ မှန်​ကန်​၏။

38 သင်​တို့​လုပ်​အား​မ​စိုက်​ခဲ့​သော​အ​ရာ​ကို ရိတ်​သိမ်း​ရန် သင်​တို့​အား ငါ​စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​သည် လုပ်​အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အား​စိုက်​မှု​ရ​လဒ်​၌ ပါ​ဝင်​ကြ​ရ​၏”​ဟု မိန့်​တော်​မူ​၏။

လော​က​၏​ကယ်​တင်​ရှင်

39 “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ထို​သူ​ထုတ်​ဖော်​ပြော​ဆို​ခဲ့​သည်”​ဟု သက်​သေ​ခံ​သော​ရှ​မာ​ရိ​အ​မျိုး​သ​မီး​၏​စ​ကား​ကြောင့် ထို​မြို့​မှ​ရှ​မာ​ရိ​နယ်​သား​များ​စွာ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

40 သို့​ဖြစ်​၍ ရှ​မာ​ရိ​နယ်​သား​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​၌ တည်း​ခို​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ထို​အ​ရပ်​တွင် နှစ်​ရက်​တည်း​ခို​တော်​မူ​၏။

41 ထို​အ​ခါ ပို​၍​များ​စွာ​သော​သူ​တို့​သည် ကိုယ်​တော်​၏​စ​ကား​တော်​ကြောင့် ယုံ​ကြည်​ကြ​၏။

42 သူ​တို့​က ထို​အ​မျိုး​သ​မီး​အား “ယ​ခု ငါ​တို့​ယုံ​ကြည်​ကြ​သည်​မှာ သင်​ပြော​ဆို​သော​စ​ကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်​တိုင်​ကြား​နာ​ရ​သ​ဖြင့် ဤ​သူ​သည် လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။

ဂါ​လိ​လဲ​နယ်​သား​တို့​ယေ​ရှု​ကို​ကြို​ဆို​လက်​ခံ​ခြင်း

43 နှစ်​ရက်​လွန်​သော် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့​ကြွ​တော်​မူ​၏။

44 ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့​၌ ဂုဏ်​သ​ရေ​မ​ရှိ​ကြောင်း ယေ​ရှု​ကိုယ်​တိုင်​သက်​သေ​ခံ​တော်​မူ​၏။

45 ဂါ​လိ​လဲ​နယ်​သို့​ရောက်​တော်​မူ​သော​အ​ခါ ဂါ​လိ​လဲ​နယ်​သား​တို့​သည် ကိုယ်​တော်​ကို​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည်​လည်း ပွဲ​တော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲ​တော်​ကာ​လ​အ​တွင်း ဂျေ​ရု​ဆ​လင်​မြို့​၌ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အား​လုံး​တို့​ကို မြင်​ခဲ့​ကြ​၏။

မှူး​မတ်​၏​သား​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခြင်း

46 ထို့​နောက် ယေ​ရှု​သည် ရေ​ကို​စ​ပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​အ​ခါ​၌ က​ပေ​ရ​နောင်​မြို့​တွင် မှူး​မတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာ​မ​ကျန်း​ဖြစ်​နေ​၏။

47 ယု​ဒ​နယ်​မှ ဂါ​လိ​လဲ​နယ်​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို ထို​မှူး​မတ်​သည်​ကြား​သော​အ​ခါ သူ​၏​သား သေ​အံ့​ဆဲ​ဆဲ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ထံ​သို့​သွား​ပြီး​လျှင် ကြွ​လာ​၍ သား​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ​ရန် တောင်း​ပန်​လေ​၏။

48 ယေ​ရှု​က​လည်း “သင်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို မ​မြင်​ရ​လျှင် မည်​သည့်​အ​ခါ​မျှ ယုံ​ကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

49 ထို​မှူး​မတ်​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​လာ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

50 ယေ​ရှု​က​လည်း “သွား​လော့။ သင်​၏​သား အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​မှူး​မတ်​သည် မိ​မိ​အား ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို​ယုံ​ကြည်​၍ ပြန်​သွား​လေ​၏။

51 အ​ပြန်​လမ်း​တွင် သူ​၏​အ​စေ​အ​ပါး​တို့​သည် သူ့​ကို​ဆီး​ကြို​လျက် သူ့​သား​အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြော​ကြား​ကြ​၏။

52 ထို​အ​ခါ သူ​သည် မိ​မိ​၏​သား သက်​သာ​သွား​သည့်​အ​ချိန်​ကို အ​စေ​ခံ​တို့​အား​မေး​မြန်း​လျှင် သူ​တို့​က “မ​နေ့​မွန်း​လွဲ​တစ်​နာ​ရီ​တွင် အ​ဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။

53 ထို​အ​ချိန်​သည် “သင်​၏​သား အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ”​ဟု ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ဖြစ်​ကြောင်း​ကို ဖ​ခင်​သိ​သ​ဖြင့် သူ​ကိုယ်​တိုင်​မှ​စ​၍ သူ​၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ကြ​၏။

54 ဤ​သည်​ကား ယု​ဒ​နယ်​မှ ဂါ​လိ​လဲ​နယ်​ထဲ​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​ပြီး​နောက် ထပ်​မံ​၍​ပြု​တော်​မူ​သော ဒု​တိ​ယ​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21