ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10 MSB

1 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ပေါက်​မှ​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး၊ ဓား​ပြ​ဖြစ်​၏။

2 တံ​ခါး​ပေါက်​မှ​ဝင်​သော​သူ​မူ​ကား သိုး​တို့​၏​သိုး​ထိန်း​ဖြစ်​၏။

3 တံ​ခါး​စောင့်​သည် သူ့​ကို တံ​ခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အ​သံ​ကို​နား​ထောင်​တတ်​ကြ​၏။ သူ​သည် မိ​မိ​၏​သိုး​တို့​ကို နာ​မည်​ဖြင့်​ခေါ်​၍ ထုတ်​ဆောင်​တတ်​၏။

4 မိ​မိ​၏​သိုး​ရှိ​သ​မျှ​တို့​ကို ထုတ်​ပြီး​သော​အ​ခါ သိုး​တို့​ရှေ့​မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အ​သံ​ကို​သိ​သော​ကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။

5 သူ​စိမ်း​တို့​၏​အ​သံ​ကို​မူ မ​သိ​ကြ​သော​ကြောင့် သူ​စိမ်း​နောက်​သို့ မည်​သည့်​အ​ခါ​မျှ မ​လိုက်​သည်​သာ​မ​က သူ​စိမ်း​ထံ​မှ ထွက်​ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

သိုး​နှင့်​သိုး​ထိန်း​ပုံ​ဥ​ပ​မာ

6 ယေ​ရှု​သည် ဤ​ပုံ​ဥ​ပ​မာ​ကို လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း မည်​သည့်​အ​ကြောင်း​အ​ရာ​များ​မိန့်​တော်​မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။

ကောင်း​မြတ်​သော​သိုး​ထိန်း

7 ထို့​ကြောင့် တစ်​ဖန် ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံ​ခါး​ပေါက်​ဖြစ်​၏။

8 ငါ့​ထက်​အ​လျင်​ဦး​စွာ​ရောက်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​များ၊ ဓား​ပြ​များ​ဖြစ်​ကြ​၏။ သို့​သော် သိုး​တို့​သည် သူ​တို့​ကို​နား​မ​ထောင်​ခဲ့​ကြ။

9 ငါ​သည် တံ​ခါး​ပေါက်​ဖြစ်​၏။ မည်​သူ​မ​ဆို ငါ့​အား​ဖြင့်​ဝင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။

10 သူ​ခိုး​သည် ခိုး​ယူ၊ သတ်​ဖြတ်၊ ဖျက်​ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူ​ကား သိုး​တို့​အား အ​သက်​ကို​ရ​ရှိ​စေ​ရန်​သာ​မ​က ထို​အ​သက်​ကို ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​စေ​ရန်​လာ​၏။

11 ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ကောင်း​မြတ်​သော​သိုး​ထိန်း​သည် သိုး​တို့​အ​တွက် မိ​မိ​အ​သက်​ကို​စွန့်​တတ်​၏။

12 သိုး​ထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်​ရှင်​လည်း​မ​ဟုတ်​သော လူ​ငှား​မူ​ကား ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်​ထား​၍ ထွက်​ပြေး​တတ်​၏။ ထို​အ​ခါ ဝံ​ပု​လွေ​သည် သိုး​တို့​ကို​လု​ယူ​ဖမ်း​ဆွဲ​၍ တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​၏။

13 ထို​သို့​ဖြစ်​ရ​ခြင်း​မှာ လူ​ငှား​သည် လူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့​၏​အ​ရေး​ကိစ္စ​ကို ဂ​ရု​မ​စိုက်​သော​ကြောင့်​ဖြစ်​၏။

14 ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည် ခ​မည်း​တော်​ကို​သိ​သ​ကဲ့​သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။

15 ငါ​သည် သိုး​တို့​အ​တွက် ငါ့​အ​သက်​ကို​စွန့်​၏။

16 ငါ​၌ ဤ​သိုး​ခြံ​ထဲ​မှ​မ​ဟုတ်​သော အ​ခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အ​သံ​ကို​နား​ထောင်​ကြ​သ​ဖြင့် သိုး​အုပ်​တစ်​အုပ်​တည်း၊ သိုး​ထိန်း​တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

17 ငါ​သည် အ​သက်​ကို​ပြန်​လည်​ရ​ယူ​ရန် ငါ့​အ​သက်​ကို​စွန့်​သော​ကြောင့် ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​၏။

18 မည်​သူ​က​မျှ​ငါ့​အ​သက်​ကို ငါ့​ထံ​မှ​နုတ်​ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အ​လျောက် ငါ့​အ​သက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အ​သက်​ကို​စွန့်​ပိုင်​ခွင့်​ရှိ​၍ ၎င်း​ကို ပြန်​လည်​ရ​ယူ​ပိုင်​ခွင့်​ရှိ​၏။ ငါ​သည် ဤ​အ​မိန့်​ကို ငါ့​ခ​မည်း​တော်​ထံ​မှ​ရ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

19 ဤ​စ​ကား​တော်​များ​ကြောင့် ဂျူး​လူ​မျိုး​တို့​ထဲ​တွင် ကွဲ​ပြား​ခြင်း​ရှိ​ကြ​ပြန်​၏။

20 သူ​တို့​ထဲ​မှ အ​များ​စု​က “သူ​သည် နတ်​ဆိုး​ပူး​၍ ရူး​သွပ်​နေ​ပြီ။ သူ့​ကို အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း”​ဟု ဆို​ကြ​၏။

21 အ​ခြား​သော​သူ​တို့​က “ဤ​စ​ကား​တို့​သည် နတ်​ဆိုး​ပူး​သူ​၏​စ​ကား​မ​ဟုတ်။ နတ်​ဆိုး​သည် မျက်​မ​မြင်​တို့​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

ဗိ​မာန်​တော်​သန့်​စင်​ခြင်း​အ​ထိမ်း​အ​မှတ်​ပွဲ​တော်​သို့​ယေ​ရှု​ကြွ​တော်​မူ​ခြင်း

22 ထို​စဉ်​က ဂျေ​ရု​ဆ​လင်​မြို့​၌ ဗိ​မာန်​တော်​သန့်​စင်​ခြင်း​အ​ထိမ်း​အ​မှတ်​ပွဲ​တော်​ရှိ​၏။ အ​ချိန်​ကား ဆောင်း​ကာ​လ​ဖြစ်​၏။

23 ယေ​ရှု​သည် ဗိ​မာန်​တော်​၌​ရှိ​သော ရှော​လ​မုန်​မုခ်​ဆောင်​တွင် ကြွ​တော်​မူ​စဉ်

24 ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ဝိုင်း​ရံ​လျက် “သင်​သည် အ​ကျွန်ုပ်​တို့​၏​စိတ်​ကို မည်​မျှ​ကြာ​အောင် ဒွိ​ဟ​ဖြစ်​စေ​မည်​နည်း။ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​တို့​အား အ​တိ​အ​လင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။

25 ယေ​ရှု​က​လည်း “သင်​တို့​ကို ငါ​ပြော​ခဲ့​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ ငါ့​ခ​မည်း​တော်​၏​နာ​မ​တော်​အား​ဖြင့် ငါ​ပြု​နေ​သော​အ​မှု​များ​သည် ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။

26 သို့​သော် သင်​တို့​မ​ယုံ​ကြည်​ကြ။ မ​ယုံ​ကြ​သည့်​အ​ကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

27 ငါ့​သိုး​တို့​သည် ငါ့​အ​သံ​ကို​နား​ထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။

28 ငါ​သည် သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​၍ သူ​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ မ​ပျက်​စီး​ရ။ မည်​သူ​မျှ သူ​တို့​ကို ငါ့​လက်​ထဲ​မှ​လု​ယူ​၍​မ​ရ​နိုင်။

29 သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သော​ငါ့​ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ မည်​သူ​မျှ သူ​တို့​ကို ခ​မည်း​တော်​၏​လက်​ထဲ​မှ​မ​လု​ယူ​နိုင်။

30 ငါ​နှင့်​ခ​မည်း​တော်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

31 ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်​ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။

32 ယေ​ရှု​က​လည်း “ငါ​သည် ခ​မည်း​တော်​ထံ​မှ ကောင်း​သော​အ​မှု​များ​စွာ​တို့​ကို သင်​တို့​အား​ပြ​သ​ခဲ့​၏။ ၎င်း​တို့​ထဲ​မှ မည်​သည့်​အ​မှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​နည်း”​ဟု သူ​တို့​အား​မေး​တော်​မူ​လျှင်

33 ဂျူး​လူ​မျိုး​တို့​က “ကောင်း​သော​အ​မှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်​ကိုယ်​သင် ဘု​ရား​အ​ယောင်​ဆောင်​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​သော​ကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။

34 ယေ​ရှု​က “သင်​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​တွင် ‘ငါ​ဆို​သည်​ကား သင်​တို့​သည် ဘု​ရား​များ​ဖြစ်​ကြ​၏’​ဟူ​၍ ရေး​ထား​သည်​မ​ဟုတ်​လော။

35 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ရ​ရှိ​သော​သူ​တို့​အား ‘ဘု​ရား​များ’​ဟု ခေါ်​လျှင် ကျမ်း​စာ​သည် မ​ပျက်​ပြယ်​နိုင်​သည်​ဖြစ်​၍

36 ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ​လျက် ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သော​သူ​က ‘ငါ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သော​အ​ခါ ‘ဘု​ရား​သ​ခင်​ကို​စော်​ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သ​လော။

37 ငါ​သည် ငါ့​ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို မ​ဆောင်​ရွက်​လျှင် ငါ့​ကို​မ​ယုံ​ကြည်​ကြ​နှင့်။

38 သို့​သော် ငါ​ဆောင်​ရွက်​လျှင် ငါ့​ကို​မ​ယုံ​ကြည်​သော်​လည်း ထို​အ​မှု​တော်​များ​ကို ယုံ​ကြည်​ကြ​လော့။ ထို​သို့​ယုံ​ကြည်​ပါ​က ခ​မည်း​တော်​သည် ငါ​၌​ရှိ​တော်​မူ​လျက် ငါ​သည် ခ​မည်း​တော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိ​ရှိ​၍​နား​လည်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

39 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် သူ​တို့​၏​လက်​မှ​လွတ်​မြောက်​၍ ကြွ​သွား​တော်​မူ​၏။

ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ​လူ​များ​စွာ​တို့​သည်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​ခြင်း

40 ထို့​နောက် ကိုယ်​တော်​သည် ယ​ခင်​က ယော​ဟန်​ဗတ္တိ​ဇံ​ပေး​ခဲ့​ရာ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့ တစ်​ဖန်​ကြွ​၍ ထို​အ​ရပ်​၌​နေ​တော်​မူ​၏။

41 လူ​များ​စွာ​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​၍ “ယော​ဟန်​သည် မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ မ​ပြု​ခဲ့​သော်​လည်း ဤ​သူ​နှင့်​ပတ်​သက်​၍ သူ​ပြော​ဆို​ခဲ့​သော​အ​ရာ​အား​လုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။

42 ဤ​သို့​ဖြင့် ထို​အ​ရပ်​တွင် လူ​များ​စွာ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21