ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5 MSB

ဗေ​သေ​သ​ဒ​ရေ​ကန်​ရှိ​လူ​နာ​ကို ကျန်း​မာ​စေ​ခြင်း

1 ထို့​နောက် ဂျူး​လူ​မျိုး​တို့​၏​ပွဲ​တော်​ရှိ​သ​ဖြင့် ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​တော်​မူ​၏။

2 ဂျေ​ရု​ဆ​လင်​မြို့​၌ သိုး​တံ​ခါး​အ​နီး​တွင် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​ဟု​ခေါ်​သည့် မုခ်​ဆောင်​ငါး​ဆောင်​ရှိ​သော​ရေ​ကန်​တစ်​ကန်​ရှိ​၏။

3 ထို​မုခ်​ဆောင်​တို့​၌ မျက်​မ​မြင်​များ၊ ခြေ​မ​သန်​စွမ်း​သူ​များ၊ အ​ကြော​သေ​ချည့်​နဲ့​သူ​များ​နှင့် နာ​မ​ကျန်း​ဖြစ်​သူ​အ​မြောက်​အ​မြား​တို့​သည် လဲ​လျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို စောင့်​မျှော်​နေ​ခြင်း​ဖြစ်​၏။

4 အ​ကြောင်း​မှာ ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့ တစ်​ခါ​တစ်​ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်​ရှား​စေ​တတ်​၏။ ထို​သို့ ရေ​လှုပ်​ရှား​သည့်​နောက် ရေ​ထဲ​သို့ အ​ဦး​ဆုံး​ဆင်း​သော​သူ​သည် မည်​သည့်​ရော​ဂါ​စွဲ​ကပ်​နေ​သည်​ဖြစ်​စေ ရော​ဂါ​ပျောက်​ကင်း​တတ်​၏။]

5 ထို​နေ​ရာ​တွင် သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။

6 ထို​သူ​လဲ​လျောင်း​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ​၍ ကာ​လ​ကြာ​မြင့်​စွာ​ခံ​စား​နေ​ရ​သော​အ​ဖြစ်​ကို​သိ​သ​ဖြင့် “သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လို​သ​လော”​ဟု မေး​တော်​မူ​၏။

7 နာ​မ​ကျန်း​ဖြစ်​သူ​က “သ​ခင်​ဘု​ရား၊ ရေ​လှုပ်​ရှား​သော​အ​ခါ အ​ကျွန်ုပ်​ကို ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​သွား​မည်​ပြု​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ထက် အ​လျင်​ဦး​စွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

8 ယေ​ရှု​က​လည်း “ထ​လော့။ သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့”​ဟု မိန့်​တော်​မူ​လျှင်

9 ထို​သူ​သည် ချက်​ချင်း​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၍ မိ​မိ​၏​အိပ်​ရာ​ကို​ဆောင်​ယူ​လျက် လမ်း​လျှောက်​လေ​၏။ ထို​နေ့​ကား ဥ​ပုသ်​နေ့​ဖြစ်​၏။

10 သို့​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​က “ယ​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်​ရာ​ကို​ဆောင်​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ”​ဟု ရော​ဂါ​ပျောက်​ကင်း​သော​ထို​သူ​အား ပြော​ဆို​ကြ​၏။

11 ထို​သူ​က​လည်း “အ​ကျွန်ုပ်​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။

12 ဂျူး​လူ​မျိုး​တို့​က​လည်း “‘အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

13 သို့​ရာ​တွင် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် ထို​သို့​မိန့်​တော်​မူ​သော​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​အ​ရပ်​၌ လူ​အ​စု​အ​ဝေး​ရှိ​နေ​စဉ် ယေ​ရှု​သည် မ​ထင်​မ​ရှား​ထွက်​သွား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

14 ထို့​နောက် ယေ​ရှု​သည် ထို​သူ​ကို ဗိ​မာန်​တော်​၌​တွေ့​၍ “ကြည့်​လော့။ သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​ပြီ။ နောက်​တစ်​ဖန်​အ​ပြစ်​မ​ပြု​နှင့်။ သို့​မ​ဟုတ်​လျှင် ပို​၍​ဆိုး​ရွား​သော​အ​ရာ​သည် သင့်​အ​ပေါ် သက်​ရောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

15 ထို​သူ​သည်​သွား​၍ မိ​မိ​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခဲ့​သူ​မှာ ယေ​ရှု​ဖြစ်​ကြောင်း ဂျူး​လူ​မျိုး​တို့​အား ပြော​ကြား​လေ​၏။

ခ​မည်း​တော်​နှင့်​သား​တော်​ကို​ရို​သေ​ခြင်း

16 ယေ​ရှု​သည် ဤ​အ​ရာ​များ​ကို ဥ​ပုသ်​နေ့​၌​ပြု​တော်​မူ​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို လိုက်​လံ​ညှဉ်း​ဆဲ​ကြ​၏။

17 သို့​ရာ​တွင် ယေ​ရှု​က “ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​လည်း​အ​လုပ်​လုပ်​၏”​ဟု သူ​တို့​အား​ပြန်​၍​မိန့်​တော်​မူ​၏။

18 ထို့​အ​တွက်​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​သတ်​ရန် ပို​၍​ကြိုး​စား​ရှာ​ကြံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ယေ​ရှု​သည် ဥ​ပုသ်​နေ့​ကို​ဖောက်​ဖျက်​သည်​သာ​မ​က ဘု​ရား​သ​ခင်​ကို​မိ​မိ​၏​ခ​မည်း​တော်​ဟု​ခေါ်​လျက် မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​နှင့်​တန်း​တူ​ထား​သော​ကြောင့်​ဖြစ်​၏။

19 ထို​အ​ခါ ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သား​တော်​သည် ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​ရာ​ကို​မြင်​၍ ပြု​ခြင်း​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မိ​မိ​ဆန္ဒ​အ​လျောက်​မ​ပြု​နိုင်။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု​၏။

20 ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ​သော​ကြောင့် မိ​မိ​ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​၏။ သင်​တို့​အံ့​သြ​ခြင်း​ရှိ​ကြ​စေ​ရန် ဤ​ထက်​ကြီး​မြတ်​သော​အ​မှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်​မူ​လိမ့်​မည်။

21 ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​၍ အ​သက်​ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သော​သူ​တို့​ကို အ​သက်​ရှင်​စေ​၏။

22-23 လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို​ရို​သေ​သ​ကဲ့​သို့ သား​တော်​ကို​ရို​သေ​ကြ​ရန် ခ​မည်း​တော်​သည် မည်​သူ့​ကို​မျှ​တ​ရား​စီ​ရင်​တော်​မ​မူ​ဘဲ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ရှိ​သ​မျှ​ကို သား​တော်​အား​ပေး​အပ်​တော်​မူ​ပြီ​။ သား​တော်​ကို​မ​ရို​သေ​သော​သူ​သည် သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို​မ​ရို​သေ​။

24 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​သည်​ဖြစ်​၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကူး​ပြောင်း​ပြီ​ဖြစ်​၏။

25 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်​၏​အ​သံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အ​သက်​ရှင်​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။

26 အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် မိ​မိ​၌​အ​သက်​ကို​ပိုင်​ဆိုင်​တော်​မူ​သည်​နည်း​တူ သား​တော်​အား​လည်း မိ​မိ​၌​အ​သက်​ကို​ပိုင်​ဆိုင်​ခွင့်​ပေး​တော်​မူ​၏။

27 သား​တော်​သည် လူ့​သား​ဖြစ်​သော​ကြောင့် ခ​မည်း​တော်​သည် တ​ရား​စီ​ရင်​ပိုင်​ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်​မူ​ပြီ။

28 ဤ​အ​မှု​အ​ရာ​ကို အံ့​သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သား​တော်​၏​အ​သံ​ကို​ကြား​၍

29 ထွက်​လာ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ညစ်​သော​အ​မှု​ကို​ပြု​ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့်​ဆိုင်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း အ​သီး​သီး​ထွက်​လာ​ကြ​လိမ့်​မည်။

30 ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အ​တိုင်း​သာ တ​ရား​စီ​ရင်​၍ ကိုယ့်​အ​လို​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​သော​ကြောင့် ငါ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​သည် ဖြောင့်​မတ်​၏။

31 ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​မှု​မ​ရှိ။

32 ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သည့် အ​ခြား​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။ ထို​အ​ရှင်​ပေး​သည့် ငါ​နှင့်​ပတ်​သက်​သော​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​ကြောင်း​ကို ငါ​သိ​၏။

33 သင်​တို့​သည် ယော​ဟန်​ထံ​သို့ လူ​ကို​စေ​လွှတ်​ကြ​ရာ သူ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ခဲ့​၏။

34 ထို​သို့​ဆို​သော် လူ​၏​သက်​သေ​ခံ​ချက်​ကို ငါ​ခံ​ယူ​သည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် ဤ​အ​ရာ​များ​ကို ငါ​ပြော​၏။

35 ယော​ဟန်​သည် တောက်​လောင်​၍​ထွန်း​လင်း​သော​ဆီ​မီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အ​လင်း​၌ ခေတ္တ​ခ​ဏ​ရွှင်​မြူး​လို​ကြ​၏။

36 ငါ​၌​မူ​ကား ယော​ဟန်​ထက် ကြီး​မြတ်​သော​သက်​သေ​ခံ​ချက်​ရှိ​၏။ ငါ​ပြီး​မြောက်​အောင်​ဆောင်​ရွက်​ရန် ငါ့​အား​ခ​မည်း​တော်​ပေး​အပ်​တော်​မူ​သော​အ​မှု​များ​ဖြစ်​သည့် ယ​ခု​ငါ​ပြု​နေ​သော​အ​မှု​များ​က​ပင် ခ​မည်း​တော်​သည် ငါ့​အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။

37 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကိုယ်​တိုင်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​၏။ သင်​တို့​မူ​ကား တစ်​ခါ​မျှ သူ​၏​အ​သံ​တော်​ကို​မ​ကြား၊ အ​ဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။

38 သူ​၏​နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​မ​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

39 သင်​တို့​သည် ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​မည်​ဟု​ထင်​မှတ်​၍ ကျမ်း​စာ​ကို​စူး​စမ်း​လေ့​လာ​နေ​ကြ​၏။ ထို​ကျမ်း​စာ​က​ပင် ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​၏။

40 သို့​သော် သင်​တို့​သည် အ​သက်​ကို​ရ​ရှိ​ရန် ငါ့​ထံ​သို့​မ​လာ​လို​ကြ။

41 ငါ​သည် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို​မ​ခံ​မ​ယူ။

42 မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​၌ ဘု​ရား​သ​ခင်​ကို​ချစ်​သော​စိတ်​မ​ရှိ​ကြောင်း​ကို ငါ​သိ​၏။

43 ငါ​သည် ငါ့​ခ​မည်း​တော်​၏​နာ​မ​အား​ဖြင့် ရောက်​လာ​သော်​လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အ​ခြား​သော​သူ​သည် မိ​မိ​ကိုယ်​ပိုင်​နာ​မ​အား​ဖြင့် ရောက်​လာ​လျှင် ထို​သူ​ကို သင်​တို့​လက်​ခံ​ကြ​လိမ့်​မည်။

44 အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ကြ​ပြီး တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ပေး​သော ဘုန်း​အ​သ​ရေ​ကို​မ​လို​လား​သော သင်​တို့​သည် မည်​သို့​ယုံ​ကြည်​နိုင်​ကြ​မည်​နည်း။

45 ငါ​သည် ခ​မည်း​တော်​ရှေ့​၌ သင်​တို့​ကို​စွပ်​စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်​စွဲ​သူ​မှာ သင်​တို့​မျှော်​လင့်​အား​ထား​သော​မော​ရှေ​ပင်​ဖြစ်​၏။

46 မော​ရှေ​သည် ငါ့​အ​ကြောင်း​ကို​ရေး​ထား​သည်​ဖြစ်​၍ သင်​တို့​သည် မော​ရှေ​ကို​ယုံ​ကြည်​ခဲ့​လျှင် ငါ့​ကို​လည်း ယုံ​ကြည်​ခဲ့​ကြ​ပေ​လိမ့်​မည်။

47 သို့​ရာ​တွင် မော​ရှေ​၏​ကျမ်း​များ​ကို သင်​တို့​မ​ယုံ​ကြည်​ကြ​လျှင် ငါ​၏​စ​ကား​တို့​ကို မည်​သို့​ယုံ​ကြည်​ကြ​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21