ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21 MSB

တိ​ဗေ​ရိ​ပင်​လယ်​နား​တွင်​ကိုယ်​ထင်​ရှား​ပြ​တော်​မူ​ခြင်း

1 ထို့​နောက် ယေ​ရှု​သည် တိ​ဗေ​ရိ​ပင်​လယ်​နား​တွင် တ​ပည့်​တော်​တို့​အား နောက်​တစ်​ဖန် ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ထင်​ရှား​ပြ​တော်​မူ​ပုံ​ကား ဤ​သို့​ဖြစ်​၏။

2 ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​ခေါ်​သည့်​သော​မ၊ ဂါ​လိ​လဲ​နယ် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​တို့​နှင့် အ​ခြား​တ​ပည့်​တော်​နှစ်​ပါး​တို့​သည် အ​တူ​ရှိ​နေ​ကြ​စဉ်

3 ရှိ​မုန်​ပေ​တ​ရု​က “အ​ကျွန်ုပ်​ငါး​သွား​ဖမ်း​မည်”​ဟု ဆို​၏။ ထို​သူ​တို့​က “အ​ကျွန်ုပ်​တို့​လည်း သင်​နှင့်​အ​တူ​လိုက်​မည်”​ဟု ဆို​လျက် ထွက်​သွား​၍ လှေ​ပေါ်​သို့​တက်​ကြ​၏။ သို့​သော် ထို​ည​တွင် မည်​သည့်​အ​ရာ​ကို​မျှ​မ​ရ​ကြ​ချေ။

4 မိုး​လင်း​ချိန်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​နေ​တော်​မူ​၏။ သို့​ရာ​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ဖြစ်​ကြောင်း​ကို​မ​သိ​ကြ။

5 ထို​အ​ခါ ယေ​ရှု​က “ချစ်​သား​တို့၊ သား​ငါး​တစ်​စုံ​တစ်​ရာ​ရှိ​သ​လော”​ဟု သူ​တို့​အား​မေး​တော်​မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။

6 ကိုယ်​တော်​က​လည်း “လှေ​၏​ယာ​ဘက်​တွင် ပိုက်​ကွန်​ကို​ပစ်​ချ​ကြ​လော့။ ထို​သို့​ပြု​လျှင် ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။ ထို့​ကြောင့် သူ​တို့​သည် ပိုက်​ကွန်​ကို​ပစ်​ချ​ကြ​ရာ ငါး​များ​စွာ​မိ​သ​ဖြင့် ပိုက်​ကွန်​ကို​ဆွဲ​တင်​၍​မ​ရ​နိုင်​ကြ​တော့​ပေ။

7 ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က ပေ​တ​ရု​အား “သ​ခင်​ဘု​ရား​ပေ​တည်း”​ဟု ဆို​လေ​၏။ ရှိ​မုန်​ပေ​တ​ရု​သည် သ​ခင်​ဘု​ရား​ဖြစ်​ကြောင်း ကြား​သော​အ​ခါ အ​ဝတ်​ချွတ်​ထား​သည်​ဖြစ်​၍ အ​ပေါ်​အ​ဝတ်​ကို ခါး​၌​စည်း​ပြီး​လျှင် ပင်​လယ်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။

8 အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား ကမ်း​နှင့်​မ​ဝေး​လှ​ဘဲ ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​သည့်​နေ​ရာ​၌​ရှိ​ကြ​သော​ကြောင့် ငါး​နှင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ဆွဲ​လျက် လှေ​ငယ်​ဖြင့်​လာ​ကြ​၏။

9 ဤ​သို့​ဖြင့် သူ​တို့​သည် ကုန်း​ပေါ်​သို့​ရောက်​ကြ​သော​အ​ခါ မီး​ခဲ​ပုံ​နှင့် ထို​မီး​ခဲ​ပုံ​ပေါ်​တင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​ကြ​၏။

10 ယေ​ရှု​က “ယ​ခု​ဖမ်း​မိ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​သ​ဖြင့်

11 ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်​၍ ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့​ဆွဲ​တင်​ရာ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ့်​သုံး​ကောင်​နှင့်​ပြည့်​လျက်​ရှိ​၏။ ထို​မျှ​လောက်​များ​သော်​လည်း ပိုက်​ကွန်​သည်​မ​စုတ်​ပြဲ​ခဲ့​ပေ။

12 ယေ​ရှု​က “လာ​၍​နံ​နက်​စာ​ကို​စား​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ဘု​ရား​ဖြစ်​ကြောင်း သိ​ကြ​သော​ကြောင့် မည်​သူ​က​မျှ “အ​ရှင်​သည်​မည်​သူ​နည်း”​ဟု မ​မေး​ဝံ့​ကြ။

13 ယေ​ရှု​သည်​လာ​၍ မုန့်​ကို​ယူ​ပြီး​လျှင် သူ​တို့​အား​ပေး​တော်​မူ​၏။ ငါး​ကို​လည်း ထို​နည်း​တူ​ပေး​တော်​မူ​၏။

14 ဤ​သည်​ကား ယေ​ရှု​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီး​နောက် တ​ပည့်​တော်​တို့​အား တ​တိ​ယ​အ​ကြိမ် ကိုယ်​ထင်​ရှား​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။

ပေ​တ​ရု​ကို​သုံး​ကြိမ်​မေး​မြန်း​တော်​မူ​ခြင်း

15 ထို​သို့ နံ​နက်​စာ​ကို သူ​တို့​စား​ကြ​ပြီး​သော​အ​ခါ ယေ​ရှု​က ရှိ​မုန်​ပေ​တ​ရု​အား “ယော​ဟန်​၏​သား​ရှိ​မုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို​၍​ချစ်​သ​လော”​ဟု မေး​တော်​မူ​၏။ ပေ​တ​ရု​က “ဟုတ်​ပါ​၏ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ခင်​ကြောင်း ကိုယ်​တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း “ငါ​၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့”​ဟု မိန့်​တော်​မူ​၏။

16 တစ်​ဖန် “ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော”​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​၏။ ပေ​တ​ရု​က “ဟုတ်​ပါ​၏ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ခင်​ကြောင်း ကိုယ်​တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း “ငါ​၏​သိုး​တို့​ကို အုပ်​ထိန်း​လော့”​ဟု မိန့်​တော်​မူ​၏။

17 တ​တိ​ယ​အ​ကြိမ်​၌ ကိုယ်​တော်​က “ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​ခင်​သ​လော”​ဟု မေး​တော်​မူ​၏။ ကိုယ်​တော်​က တ​တိ​ယ​အ​ကြိမ်​၌ “သင်​သည် ငါ့​ကို​ချစ်​ခင်​သ​လော”​ဟု မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် စိတ်​မ​ကောင်း​ဖြစ်​၍ “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ခင်​ကြောင်း ကိုယ်​တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေ​ရှု​က​လည်း “ငါ​၏​သိုး​တို့​ကို ကျွေး​မွေး​လော့။

18 သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​သည် ငယ်​ရွယ်​စဉ်​အ​ခါ​၌ ကိုယ်​ကိုယ်​တိုင်​ခါး​ပန်း​စည်း​၍ ကိုယ်​အ​လို​ရှိ​ရာ​အ​ရပ်​သို့ သွား​လာ​လေ့​ရှိ​၏။ အို​မင်း​သော​အ​ခါ​၌​မူ​ကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူ​တစ်​ပါး​သည် သင့်​ခါး​ကို ခါး​ပန်း​စည်း​ကာ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ခေါ်​ဆောင်​သွား​မည်”​ဟု မိန့်​တော်​မူ​၏။

19 ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ပေ​တ​ရု​သည် မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ထင်​ရှား​စေ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ ဤ​အ​ရာ​ကို​မိန့်​တော်​မူ​ပြီး​နောက် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​၏။

20 ပေ​တ​ရု​သည် လှည့်​ကြည့်​လိုက်​ရာ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် နောက်​မှ​လိုက်​လာ​သည်​ကို မြင်​လေ​၏။ ထို​တ​ပည့်​တော်​သည် ယ​ခင်​ည​စာ​စား​စဉ်​က ယေ​ရှု​၏​ရင်​ခွင်​တော်​သို့​ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​ခဲ့​သူ​လည်း​ဖြစ်​၏။

21 ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​သူ​ကား မည်​သို့​ဖြစ်​မည်​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​၏။

22 ယေ​ရှု​က​လည်း “ငါ​ကြွ​လာ​သည့်​တိုင်​အောင် သူ့​ကို​အ​သက်​ရှင်​စေ​ရန် ငါ​အ​လို​ရှိ​လျှင်​လည်း သင်​နှင့်​မည်​သို့​ဆိုင်​သ​နည်း။ သင်​သည် ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

23 သို့​ဖြစ်​၍ “ထို​တ​ပည့်​တော်​သည် သေ​ရ​မည်​မ​ဟုတ်”​ဟူ​သော​စ​ကား​သည် ညီ​အစ်​ကို​တို့​ကြား​တွင် ပျံ့​နှံ့​သွား​၏။ သို့​သော် ယေ​ရှု​က “ထို​သူ​သည် သေ​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​သည်​မ​ဟုတ်​ဘဲ “ငါ​ကြွ​လာ​သည့်​တိုင်​အောင် သူ့​ကို​အ​သက်​ရှင်​စေ​ရန် ငါ​အ​လို​ရှိ​လျှင်​လည်း သင်​နှင့်​မည်​သို့​ဆိုင်​သ​နည်း”​ဟူ​၍​သာ မိန့်​တော်​မူ​၏။

နိ​ဂုံး

24 ဤ​အ​ကြောင်း​အ​ရာ​များ​ကို သက်​သေ​ခံ​၍ ရေး​ထား​သော​သူ​မှာ ထို​တ​ပည့်​တော်​ပင်​ဖြစ်​၏။ သူ​၏​သက်​သေ​ခံ​ချက်​မှန်​ကန်​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။

25 ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​များ​စွာ​ရှိ​သေး​၏။ ထို​အ​မှု​အ​ရာ​များ​ကို တစ်​ခု​ချင်း​ရေး​ထား​ပါ​က ဤ​ကမ္ဘာ​ကြီး​၌​ပင် ထို​ရေး​ထား​သော​ကျမ်း​ဂန်​များ​ဆန့်​မည်​မ​ဟုတ်​ဟု ငါ​ထင်​မှတ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21