ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13 MSB

တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​တော်​မူ​ခြင်း

1 ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​၌ ယေ​ရှု​သည် ဤ​လော​က​မှ​ထွက်​ခွာ​ပြီး ခ​မည်း​တော်​ထံ​သို့​သွား​ရ​မည့် မိ​မိ​အ​ချိန်​ရောက်​လာ​သည်​ကို သိ​တော်​မူ​၍ ဤ​လော​က​၌​ရှိ​သော မိ​မိ​လူ​တို့​ကို​ချစ်​တော်​မူ​လျက် အ​ဆုံး​တိုင်​အောင်​ချစ်​တော်​မူ​၏။

2 ည​စာ​ကို​စား​ကြ​စဉ် မာရ်​နတ်​သည် ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​၏​စိတ်​နှ​လုံး​ထဲ​၌ ကိုယ်​တော်​ကို​အပ်​နှံ​ရန် အ​ကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။

3 ယေ​ရှု​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​လက်​သို့ ခ​မည်း​တော်​ပေး​အပ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​ပြီး ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​သွား​တော့​မည်​ကို​လည်း​ကောင်း သိ​တော်​မူ​သ​ဖြင့်

4 ည​စာ​စား​ပွဲ​မှ​ထ​၍ ဝတ်​ရုံ​တော်​ကို​ချွတ်​ပြီး​လျှင် ပ​ဝါ​ကို​ယူ​လျက် မိ​မိ​ခါး​၌​စည်း​တော်​မူ​၏။

5 ထို့​နောက် ဇ​လုံ​၌​ရေ​ထည့်​၍ တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီး​မှ ခါး​၌​စည်း​ထား​သော​ပ​ဝါ​ဖြင့် သုတ်​တော်​မူ​၏။

6 ဤ​သို့​ဖြင့် ရှိ​မုန်​ပေ​တ​ရု​ထံ​ရောက်​တော်​မူ​သော​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်​မူ​မည်​လော”​ဟု လျှောက်​လေ​၏။

7 ယေ​ရှု​က​လည်း “သင်​သည် ငါ​ပြု​နေ​သော​အ​ရာ​ကို ယ​ခု​နား​မ​လည်​သော်​လည်း နောင်​အ​ခါ​သ​ဘော​ပေါက်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​လျှင်

8 ပေ​တ​ရု​က “အ​ကျွန်ုပ်​၏​ခြေ​ကို လုံး​ဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေ​ရှု​က​လည်း “သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မည်​သည့်​ပတ်​သက်​မှု​မျှ​မ​ရှိ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9 ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦး​ခေါင်း​တို့​ကို​ပါ ဆေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

10 ယေ​ရှု​က​လည်း “ရေ​ချိုး​ပြီး​သော​သူ​သည် တစ်​ကိုယ်​လုံး​စင်​ကြယ်​သည်​ဖြစ်​၍ ခြေ​မှ​လွဲ​၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်​ကြယ်​ကြ​၏။ သို့​သော် သင်​တို့​အား​လုံး​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

11 ကိုယ်​တော်​သည် မိ​မိ​ကို မည်​သူ​အပ်​နှံ​မည်​ကို​သိ​တော်​မူ​သော​ကြောင့် “သင်​တို့​အား​လုံး​စင်​ကြယ်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

ခြေ​ဆေး​ခြင်း​၏​အ​နက်​အ​ဓိပ္ပါယ်

12 ထို​သို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သော​အ​ခါ ကိုယ်​တော်​သည် ဝတ်​ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်​ဖန်​ထိုင်​တော်​မူ​ပြီး​လျှင် တ​ပည့်​တော်​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​၌ ငါ​ပြု​ခဲ့​သော​အ​ရာ​ကို နား​လည်​ကြ​သ​လော။

13 သင်​တို့​သည် ငါ့​ကို ဆ​ရာ​ဟူ​၍​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အ​တိုင်း​ဖြစ်​သော​ကြောင့် သင်​တို့ ထို​သို့​ခေါ်​ကြ​သည်​မှာ လျောက်​ပတ်​ပေ​၏။

14 ထို့​ကြောင့် သ​ခင်​ဘု​ရား​ဖြစ်​လျက် ဆ​ရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး​ရ​ကြ​မည်။

15 သင်​တို့​၌ ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံ​န​မူ​နာ​ကို ငါ​ပြ​ခဲ့​၏။

16 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကျွန်​သည် သူ့​သ​ခင်​ထက် ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​တ​မန်​သည်​လည်း သူ့​ကို​စေ​လွှတ်​သော​သူ​ထက် ကြီး​မြတ်​သည်​မ​ဟုတ်။

17 ဤ​အ​ရာ​များ​ကို သင်​တို့​သိ​မှတ်​၍ ထို​အ​တိုင်း​ကျင့်​သုံး​လျှင် သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

18 သင်​တို့​အား​လုံး​ကို ငါ​ရည်​ညွှန်း​ပြော​ဆို​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့​သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖ​နောင့်​နှင့်​ပေါက်​လေ​၏’​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ရ​မည်။

19 ထို​အ​ခြင်း​အ​ရာ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ခြင်း​အ​ရာ​မ​ဖြစ်​ပျက်​မီ ယ​ခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။

20 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။

ယု​ဒ​အပ်​နှံ​မည်​ကို​ဖော်​ပြ​တော်​မူ​ခြင်း

21 ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို မိန့်​တော်​မူ​ပြီး​သော​အ​ခါ စိတ်​တော်​ပူ​ပန်​လျက် “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​အ​ထဲ​မှ တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု သက်​သေ​ခံ​လျက် မိန့်​တော်​မူ​၏။

22 တ​ပည့်​တော်​တို့​သည် မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို တွေး​မ​ရ​ဖြစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ကြည့်​နေ​ကြ​၏။

23 တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သည့် ယေ​ရှု​ချစ်​တော်​မူ​သော​သူ​သည် ကိုယ်​တော်​၏​ရင်​ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သ​ဖြင့်

24 မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို​မေး​ရန် ရှိ​မုန်​ပေ​တ​ရု​က ထို​တ​ပည့်​တော်​အား အ​ချက်​ပြ​လေ​၏။

25 သို့​ဖြစ်​၍ ထို​တ​ပည့်​တော်​သည် သူ့​နေ​ရာ​မှ ယေ​ရှု​၏​ရင်​ခွင်​တော်​သို့ ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ထို​သူ​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​လေ​၏။

26 ယေ​ရှု​က​လည်း “ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီး​မှ ၎င်း​ကို​ယူ​၍ ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ​၏။

27 ထို​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​သော​အ​ခါ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ​၏။ ထို့​ကြောင့် ယေ​ရှု​သည် ယု​ဒ​အား “သင်​ပြု​နေ​သည့်​အ​မှု​ကို အ​မြန်​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

28 သို့​သော် ကိုယ်​တော်​သည် ယု​ဒ​အား အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်​သူ​မျှ​မ​သိ​ကြ​ပေ။

29 အ​ချို့​တို့​က ယု​ဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်​၍ ယေ​ရှု​က သူ့​အား “ပွဲ​တော်​အ​တွက်​လို​အပ်​သော​အ​ရာ​များ​ကို ဝယ်​ယူ​လော့”​ဟူ​၍ သို့​မ​ဟုတ် “ဆင်း​ရဲ​သား​တို့​အား တစ်​စုံ​တစ်​ခု​ပေး​သင့်​သည်”​ဟူ​၍ မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ​၏။

30 ယု​ဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​လျှင် ချက်​ချင်း​ထွက်​သွား​လေ​၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်​၏။

ပ​ညတ်​တော်​အ​သစ်

31 ယု​ဒ​ထွက်​သွား​ပြီး​နောက် ယေ​ရှု​က “ယ​ခု​အ​ခါ လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​သည်​လည်း လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​ပြီ။

32 ဘု​ရား​သ​ခင်​သည် လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​လျှင် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့်​လည်း လူ့​သား​ကို​ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​၍ ထို​ဘုန်း​တော်​ကို ချက်​ချင်း​ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။

33 ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​တာ​မျှ​သာ နေ​ရ​တော့​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူ​မျိုး​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု သင်​တို့​ကို​လည်း ငါ​ပြော​၏။

34 သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်း​တူ သင်​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​ချက်​အ​သစ်​ကို သင်​တို့​အား ငါ​ပေး​၏။

35 သင်​တို့​အ​ချင်း​ချင်း​ကြား​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်​၍ သင်​တို့​သည် ငါ့​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သိ​ကြ​လိမ့်​မည်”​ဟု​မိန့်​တော်​မူ​၏။

ပေ​တ​ရု​ငြင်း​ပယ်​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

36 ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​မည်​သည့်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း”​ဟု မေး​လျှောက်​လျှင် ယေ​ရှု​က “ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည် ယ​ခု​မ​လိုက်​နိုင်။ သို့​သော် နောင်​အ​ခါ​တွင် လိုက်​ရ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

37 ပေ​တ​ရု​က​လည်း “သ​ခင်​ဘု​ရား၊ အ​ဘယ်​ကြောင့် ကိုယ်​တော့်​နောက်​သို့ ယ​ခု​မ​လိုက်​နိုင်​ရ​သ​နည်း။ ကိုယ်​တော့်​အ​တွက် အ​ကျွန်ုပ်​၏​အ​သက်​ကို​စွန့်​ပါ​မည်”​ဟု လျှောက်​လေ​၏။

38 ယေ​ရှု​က “ငါ့​အ​တွက် သင်​၏​အ​သက်​ကို​စွန့်​မည်​လော။ သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21