ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2 MSB

ကာ​န​မြို့​မှမင်္ဂ​လာ​ဆောင်​ပွဲ

1 ထို့​နောက် သုံး​ရက်​မြောက်​သော​နေ့​၌ ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​တစ်​ခု​ကျင်း​ပ​ရာ ယေ​ရှု​၏​မယ်​တော်​သည် ထို​နေ​ရာ​၌​ရှိ​၏။

2 ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​လည်း ထို​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​ကြ​၏။

3 စ​ပျစ်​ဝိုင်​ကုန်​သော​အ​ခါ ယေ​ရှု​၏​မယ်​တော်​က “သူ​တို့​တွင် စ​ပျစ်​ဝိုင်​မ​ရှိ​တော့​ပါ”​ဟု ပြော​ကြား​၏။

4 ယေ​ရှု​က​လည်း “အ​သင်​အ​မျိုး​သ​မီး၊ ဤ​အ​မှု​၌ သင်​နှင့်​ငါ မည်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး”​ဟု မိန့်​တော်​မူ​၏။

5 မယ်​တော်​သည် အ​စေ​ခံ​တို့​အား “သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ဆောင်​ရွက်​ကြ​ပါ”​ဟု ဆို​၏။

6 ထို​နေ​ရာ​၌ ဂျူး​လူ​မျိုး​တို့​၏​စင်​ကြယ်​ခြင်း​ဝတ်​အ​တွက် ဂါ​လံ​နှစ်​ဆယ်၊ သုံး​ဆယ်​ခန့်​စီ​ဆန့်​သော ကျောက်​ရေ​အိုး​ခြောက်​လုံး​ထား​လျက်​ရှိ​၏။

7 ယေ​ရှု​က “ဤ​ရေ​အိုး​များ​ကို ရေ​ဖြည့်​ကြ​လော့”​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင် သူ​တို့​သည် အိုး​နှုတ်​ခမ်း​အ​ထိ​ဖြည့်​ကြ​၏။

8 တစ်​ဖန် “ယ​ခု​ခပ်​၍ ပွဲ​အုပ်​ထံ​သို့​ယူ​သွား​ကြ​လော့”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ယူ​သွား​ကြ​ရာ

9 ပွဲ​အုပ်​သည် စ​ပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်း​စမ်း​၏။ ရေ​ခပ်​ခဲ့​သော​အ​စေ​ခံ​တို့​သည် ထို​စ​ပျစ်​ဝိုင်​ကို အ​ဘယ်​က​ရ​သည်​ကို​သိ​ကြ​သော်​လည်း ပွဲ​အုပ်​သည် မ​သိ​သ​ဖြင့် သ​တို့​သား​ကို​ခေါ်​၍

10 “လူ​တိုင်း ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ဦး​စွာ​ချ​ပေး​ပြီး လူ​တို့​ယစ်​မူး​ကြ​သော​အ​ခါ​မှ အ​ညံ့​ကို​ချ​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ယ​ခု​အ​ထိ သိမ်း​ထား​ပြီ​တ​ကား”​ဟု ဆို​၏။

11 ယေ​ရှု​သည် ဤ​ပ​ထ​မ​နိ​မိတ်​လက္ခ​ဏာ​ကို ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​၌​ပြု​လျက် မိ​မိ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

12 ထို့​နောက် ကိုယ်​တော်​သည် မယ်​တော်၊ ညီ​တော်​များ၊ တ​ပည့်​တော်​များ​နှင့်​အ​တူ က​ပေ​ရ​နောင်​မြို့​သို့​ကြွ​၍ ထို​မြို့​၌ ရက်​အ​နည်း​ငယ်​နေ​တော်​မူ​၏။

ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​ခြင်း

13 ဂျူး​လူ​မျိုး​တို့​၏​ပ​သ​ခါ​ပွဲ​တော်​နီး​ကပ်​လာ​ပြီ​ဖြစ်​သ​ဖြင့် ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။

14 ဗိ​မာန်​တော်​၌ သိုး၊ နွား​နှင့် ချိုး​ငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှ​စ​၍ ငွေ​လဲ​ပွဲ​စား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်​မူ​ရာ

15 ကိုယ်​တော်​သည် ကြိုး​များ​ဖြင့် ကျာ​ပွတ်​ကို​ပြု​လုပ်​ပြီး​လျှင် သိုး၊ နွား​တို့​နှင့်​တ​ကွ ထို​သူ​အ​ပေါင်း​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​နှင်​ထုတ်​၍ ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်​ချ​ကာ သူ​တို့​၏​စား​ပွဲ​များ​ကို​မှောက်​လှန်​တော်​မူ​၏။

16 ချိုး​ငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း “ဤ​ဥစ္စာ​များ​ကို ဤ​နေ​ရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်”​ဟု မိန့်​တော်​မူ​၏။

17 တ​ပည့်​တော်​တို့​သည် “ကိုယ်​တော်​၏​အိမ်​တော်​အ​တွက် ထက်​သန်​သော​စိတ်​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​လျက်​ရှိ​ပါ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ကို သ​တိ​ရ​ကြ​၏။

18 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က ကိုယ်​တော်​အား “သင်​သည် ဤ​သို့​ပြု​ခြင်း​အ​တွက် မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို ငါ​တို့​အား​ပြ​မည်​နည်း”​ဟု ဆို​ကြ​၏။

19 ယေ​ရှု​က​လည်း “ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ကြ​လော့။ ငါ​သည် ၎င်း​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်​မူ​၏။

20 ဂျူး​လူ​မျိုး​တို့​က​လည်း “ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် လေး​ဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူ​ကား ၎င်း​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။

21 သို့​ရာ​တွင် ယေ​ရှု​သည် မိ​မိ​ကိုယ်​ခန္ဓာ​တည်း​ဟူ​သော​ဗိ​မာန်​တော်​ကို ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

22 ထို့​ကြောင့် ယေ​ရှု​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သော​ဤ​စ​ကား​ကို ပြန်​လည်​သ​တိ​ရ​ကာ ကျမ်း​စာ​နှင့် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ​ကြည်​ကြ​၏။

23 ပ​သ​ခါ​ပွဲ​တော်​အ​တော​အ​တွင်း ဂျေ​ရု​ဆ​လင်​မြို့​၌ ယေ​ရှု​ရှိ​တော်​မူ​စဉ် များ​စွာ​သော​လူ​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ကြ​၏။

24 သို့​သော် ယေ​ရှု​သည် မိ​မိ​ကိုယ်​ကို သူ​တို့​ထံ​၌​ပုံ​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် လူ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၍

25 လူ​၏​စိတ်​ထဲ​၌​ရှိ​သော​အ​ရာ​ကို​သိ​တော်​မူ​သော​ကြောင့် လူ​၏​အ​ကြောင်း​ကို မည်​သူ​က​မျှ သက်​သေ​ခံ​ပေး​ရန်​မ​လို​အပ်​ပေ။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21