39 “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ထိုသူထုတ်ဖော်ပြောဆိုခဲ့သည်”ဟု သက်သေခံသောရှမာရိအမျိုးသမီး၏စကားကြောင့် ထိုမြို့မှရှမာရိနယ်သားများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
40 သို့ဖြစ်၍ ရှမာရိနယ်သားတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ မိမိတို့ထံ၌ တည်းခိုတော်မူရန် ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်တွင် နှစ်ရက်တည်းခိုတော်မူ၏။
41 ထိုအခါ ပို၍များစွာသောသူတို့သည် ကိုယ်တော်၏စကားတော်ကြောင့် ယုံကြည်ကြ၏။
42 သူတို့က ထိုအမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင်ပြောဆိုသောစကားကြောင့်မဟုတ်တော့ပါ။ ငါတို့ကိုယ်တိုင်ကြားနာရသဖြင့် ဤသူသည် လောက၏ကယ်တင်ရှင်အစစ်အမှန်ဖြစ်ကြောင်းကို သိကြပြီ”ဟု ဆိုကြ၏။
43 နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။
44 ပရောဖက်သည် မိမိ၏နေရင်းမြို့၌ ဂုဏ်သရေမရှိကြောင်း ယေရှုကိုယ်တိုင်သက်သေခံတော်မူ၏။
45 ဂါလိလဲနယ်သို့ရောက်တော်မူသောအခါ ဂါလိလဲနယ်သားတို့သည် ကိုယ်တော်ကိုကြိုဆိုလက်ခံကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားရောက်ခဲ့၍ ပွဲတော်ကာလအတွင်း ဂျေရုဆလင်မြို့၌ ကိုယ်တော်ပြုတော်မူသောအမှုအရာအားလုံးတို့ကို မြင်ခဲ့ကြ၏။