43 ငါသည် ငါ့ခမည်းတော်၏နာမအားဖြင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိကိုယ်ပိုင်နာမအားဖြင့် ရောက်လာလျှင် ထိုသူကို သင်တို့လက်ခံကြလိမ့်မည်။
44 အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
45 ငါသည် ခမည်းတော်ရှေ့၌ သင်တို့ကိုစွပ်စွဲမည်ဟုမထင်ကြနှင့်။ သင်တို့ကိုစွပ်စွဲသူမှာ သင်တို့မျှော်လင့်အားထားသောမောရှေပင်ဖြစ်၏။
46 မောရှေသည် ငါ့အကြောင်းကိုရေးထားသည်ဖြစ်၍ သင်တို့သည် မောရှေကိုယုံကြည်ခဲ့လျှင် ငါ့ကိုလည်း ယုံကြည်ခဲ့ကြပေလိမ့်မည်။
47 သို့ရာတွင် မောရှေ၏ကျမ်းများကို သင်တို့မယုံကြည်ကြလျှင် ငါ၏စကားတို့ကို မည်သို့ယုံကြည်ကြမည်နည်း”ဟု မိန့်တော်မူ၏။