19 သုံးလေးမိုင်ခန့်လှော်ခတ်ပြီးသောအခါ ပင်လယ်ပေါ်တွင် ယေရှုလမ်းလျှောက်လျက် လှေအနီးသို့ချဉ်းကပ်လာသည်ကို တပည့်တော်တို့မြင်၍ ကြောက်ရွံ့ကြ၏။
20 သို့သော် ကိုယ်တော်က “မကြောက်ကြနှင့်၊ ငါပင်ဖြစ်သည်”ဟု မိန့်တော်မူ၏။
21 ထိုအခါ တပည့်တော်တို့သည် အားရဝမ်းမြောက်လျက် ကိုယ်တော်ကို လှေပေါ်သို့ခေါ်ဖိတ်လက်ခံကြရာ လှေသည် သူတို့သွားရန်ရည်ရွယ်ထားသည့်အရပ်သို့ ချက်ချင်းရောက်လေ၏။
22 နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် နေရစ်သောလူထုပရိသတ်သည် ထိုအရပ်၌ လှေငယ်တစ်စင်းမှလွဲ၍ အခြားလှေမရှိခဲ့ကြောင်းကိုလည်းကောင်း၊ ထိုလှေ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူမလိုက်မပါဘဲ တပည့်တော်တို့သာ ထွက်သွားခဲ့ကြောင်းကိုလည်းကောင်း သတိပြုမိကြ၏။
23 သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ
24 လူထုပရိသတ်သည် ထိုအရပ်၌ ယေရှုမှစ၍တပည့်တော်တို့ပါ မရှိကြောင်းကိုသိမြင်သဖြင့် ထိုလှေငယ်များပေါ်တက်ပြီးလျှင် ယေရှုကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။
25 ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။