57 အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သကဲ့သို့ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်မည်။
58 ဤမုန့်ကား ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများစားပြီး သေဆုံးသွားရသည့်မုန့်မျိုးမဟုတ်။ ဤမုန့်ကိုစားသောသူသည် ကာလအစဉ်အဆက်အသက်ရှင်မည်”ဟု မိန့်တော်မူ၏။
59 ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်းတွင် မိန့်တော်မူ၏။
60 တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
61 ဤအကြောင်းအရာနှင့်ပတ်သက်၍ တပည့်တော်တို့မကျေမနပ်ပြောဆိုနေကြသည်ကို ယေရှုသည် အလိုအလျောက်သိတော်မူသဖြင့် “ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။
62 သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။
63 ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။