1 ထို့နောက် ယေရှုသည် ဂါလိလဲနယ်တွင် လှည့်လည်တော်မူ၏။ အကြောင်းမှာ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသောကြောင့် ယုဒနယ်၌လှည့်လည်ရန် အလိုတော်မရှိ။
2 သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ
3 ညီတော်တို့က ကိုယ်တော်အား “သင်ပြုနေသောအမှုအရာများကို သင်၏တပည့်တို့သည်လည်း မြင်ရရန် ဤအရပ်မှ ထွက်ခွာ၍ ယုဒနယ်သို့ သွားပါလော့။
4 မိမိကိုယ်ကိုထင်ပေါ်ကျော်စောစေလို၍ တစ်စုံတစ်ခုကို လျှို့ဝှက်စွာပြုသောသူမရှိ။ သင်သည် ဤအမှုအရာများကိုပြုသည်ဆိုလျှင် ဤလောက၌ သင့်ကိုယ်သင်ထင်ရှားစေပါ”ဟု ဆိုကြ၏။