ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:16-22 MSB

16 အ​ကျွန်ုပ်​တို့​အား​လုံး​သည် ထို​အ​ရှင်​၏​ပြည့်​စုံ​တော်​မူ​ခြင်း​ထဲ​မှ ကျေး​ဇူး​တော်​အ​ပေါ်​၌ ထပ်​ဆင့်​၍ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပြီ။

17 အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​ကို မော​ရှေ​အား​ဖြင့်​ပေး​တော်​မူ​၏။ ကျေး​ဇူး​တော်​နှင့်​သမ္မာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့်​ဖြစ်​လာ​၏။

18 ဘု​ရား​သ​ခင်​ကို မည်​သူ​မျှ​မ​မြင်​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​သည့် တစ်​ပါး​တည်း​သော​သား​တော်​ဘု​ရား​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

19 ဂျူး​လူ​မျိုး​တို့​သည် ယော​ဟန်​ထံ​သို့ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဂျေ​ရု​ဆ​လင်​မြို့​မှ​စေ​လွှတ်​၍ “သင်​သည်​မည်​သူ​နည်း”​ဟု မေး​မြန်း​စေ​ကြ​သော​အ​ခါ ယော​ဟန်​၏​သက်​သေ​ခံ​ချက်​မှာ ဤ​သို့​ဖြစ်​၏။

20 ယော​ဟန်​သည် ထိမ်​ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်​ခံ​၍ “ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်”​ဟု အ​တိ​အ​လင်း​ပြော​လေ​၏။

21 ထို​အ​ခါ သူ​တို့​က “သို့​ဖြစ်​လျှင် သင်​သည်​မည်​သူ​နည်း။ ဧ​လိ​ယ​လော”​ဟု မေး​ကြ​သော် ယော​ဟန်​က “ငါ​သည် ဧ​လိ​ယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပ​ရော​ဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။

22 ထို​သူ​တို့​က​လည်း “သင်​သည်​မည်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေ​ကြား​နိုင်​ရန် သင့်​အ​ကြောင်း​ကို သင်​မည်​သို့​ပြော​မည်​နည်း”​ဟု ဆို​ကြ​၏။