ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:21-27 MSB

21 ထို​အ​ခါ သူ​တို့​က “သို့​ဖြစ်​လျှင် သင်​သည်​မည်​သူ​နည်း။ ဧ​လိ​ယ​လော”​ဟု မေး​ကြ​သော် ယော​ဟန်​က “ငါ​သည် ဧ​လိ​ယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပ​ရော​ဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။

22 ထို​သူ​တို့​က​လည်း “သင်​သည်​မည်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေ​ကြား​နိုင်​ရန် သင့်​အ​ကြောင်း​ကို သင်​မည်​သို့​ပြော​မည်​နည်း”​ဟု ဆို​ကြ​၏။

23 ယော​ဟန်​က “ငါ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ခဲ့​သည့်​အ​တိုင်း ‘ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ဖြောင့်​တန်း​စေ​ကြ​လော့’​ဟူ​၍ တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​သူ​၏​အ​သံ​ဖြစ်​၏”​ဟု ဆို​၏။

24 ထို​သူ​တို့​သည် ဖာ​ရိ​ရှဲ​တို့​ထဲ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

25 တစ်​ဖန် သူ​တို့​က “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​လည်း​မ​ဟုတ်၊ ထို​ပ​ရော​ဖက်​လည်း​မ​ဟုတ်​လျှင် အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

26 ယော​ဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သင်​တို့​အ​လယ်​၌ သင်​တို့​မ​သိ​သော​အ​ရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။

27 ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​သော​အ​ရှင်​ဖြစ်​၏။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်”​ဟု ပြန်​ပြော​၏။