ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:11-17 MSB

11 ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ကောင်း​မြတ်​သော​သိုး​ထိန်း​သည် သိုး​တို့​အ​တွက် မိ​မိ​အ​သက်​ကို​စွန့်​တတ်​၏။

12 သိုး​ထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်​ရှင်​လည်း​မ​ဟုတ်​သော လူ​ငှား​မူ​ကား ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်​ထား​၍ ထွက်​ပြေး​တတ်​၏။ ထို​အ​ခါ ဝံ​ပု​လွေ​သည် သိုး​တို့​ကို​လု​ယူ​ဖမ်း​ဆွဲ​၍ တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​၏။

13 ထို​သို့​ဖြစ်​ရ​ခြင်း​မှာ လူ​ငှား​သည် လူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့​၏​အ​ရေး​ကိစ္စ​ကို ဂ​ရု​မ​စိုက်​သော​ကြောင့်​ဖြစ်​၏။

14 ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည် ခ​မည်း​တော်​ကို​သိ​သ​ကဲ့​သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။

15 ငါ​သည် သိုး​တို့​အ​တွက် ငါ့​အ​သက်​ကို​စွန့်​၏။

16 ငါ​၌ ဤ​သိုး​ခြံ​ထဲ​မှ​မ​ဟုတ်​သော အ​ခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အ​သံ​ကို​နား​ထောင်​ကြ​သ​ဖြင့် သိုး​အုပ်​တစ်​အုပ်​တည်း၊ သိုး​ထိန်း​တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

17 ငါ​သည် အ​သက်​ကို​ပြန်​လည်​ရ​ယူ​ရန် ငါ့​အ​သက်​ကို​စွန့်​သော​ကြောင့် ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​၏။