ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:27-33 MSB

27 ငါ့​သိုး​တို့​သည် ငါ့​အ​သံ​ကို​နား​ထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။

28 ငါ​သည် သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​၍ သူ​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ မ​ပျက်​စီး​ရ။ မည်​သူ​မျှ သူ​တို့​ကို ငါ့​လက်​ထဲ​မှ​လု​ယူ​၍​မ​ရ​နိုင်။

29 သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သော​ငါ့​ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ မည်​သူ​မျှ သူ​တို့​ကို ခ​မည်း​တော်​၏​လက်​ထဲ​မှ​မ​လု​ယူ​နိုင်။

30 ငါ​နှင့်​ခ​မည်း​တော်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

31 ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်​ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။

32 ယေ​ရှု​က​လည်း “ငါ​သည် ခ​မည်း​တော်​ထံ​မှ ကောင်း​သော​အ​မှု​များ​စွာ​တို့​ကို သင်​တို့​အား​ပြ​သ​ခဲ့​၏။ ၎င်း​တို့​ထဲ​မှ မည်​သည့်​အ​မှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​နည်း”​ဟု သူ​တို့​အား​မေး​တော်​မူ​လျှင်

33 ဂျူး​လူ​မျိုး​တို့​က “ကောင်း​သော​အ​မှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်​ကိုယ်​သင် ဘု​ရား​အ​ယောင်​ဆောင်​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​သော​ကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။