ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:5-11 MSB

5 သူ​စိမ်း​တို့​၏​အ​သံ​ကို​မူ မ​သိ​ကြ​သော​ကြောင့် သူ​စိမ်း​နောက်​သို့ မည်​သည့်​အ​ခါ​မျှ မ​လိုက်​သည်​သာ​မ​က သူ​စိမ်း​ထံ​မှ ထွက်​ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

6 ယေ​ရှု​သည် ဤ​ပုံ​ဥ​ပ​မာ​ကို လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း မည်​သည့်​အ​ကြောင်း​အ​ရာ​များ​မိန့်​တော်​မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။

7 ထို့​ကြောင့် တစ်​ဖန် ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံ​ခါး​ပေါက်​ဖြစ်​၏။

8 ငါ့​ထက်​အ​လျင်​ဦး​စွာ​ရောက်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​များ၊ ဓား​ပြ​များ​ဖြစ်​ကြ​၏။ သို့​သော် သိုး​တို့​သည် သူ​တို့​ကို​နား​မ​ထောင်​ခဲ့​ကြ။

9 ငါ​သည် တံ​ခါး​ပေါက်​ဖြစ်​၏။ မည်​သူ​မ​ဆို ငါ့​အား​ဖြင့်​ဝင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။

10 သူ​ခိုး​သည် ခိုး​ယူ၊ သတ်​ဖြတ်၊ ဖျက်​ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူ​ကား သိုး​တို့​အား အ​သက်​ကို​ရ​ရှိ​စေ​ရန်​သာ​မ​က ထို​အ​သက်​ကို ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​စေ​ရန်​လာ​၏။

11 ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ကောင်း​မြတ်​သော​သိုး​ထိန်း​သည် သိုး​တို့​အ​တွက် မိ​မိ​အ​သက်​ကို​စွန့်​တတ်​၏။