1 ထိုအခါ၌ မာရိနှင့်သူ၏အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာမှ လာဇရုဆိုသူတစ်ဦးသည် နာမကျန်းဖြစ်နေ၏။
2 ထိုမာရိသည် သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်ဖြင့်သုတ်သောသူဖြစ်ပြီး နာမကျန်းဖြစ်နေသောလာဇရုသည် သူ၏မောင်ဖြစ်၏။
3 ထို့ကြောင့် ထိုညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူကိုစေလွှတ်၍ “သခင်ဘုရား၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါသည်”ဟု လျှောက်ထားကြ၏။
4 ယေရှုသည် ထိုအကြောင်းကိုကြားလျှင် “ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
5 ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။
6 သို့ဖြစ်၍ လာဇရုနာမကျန်းဖြစ်သည်ကို ကြားတော်မူသောအခါ မိမိနေသောအရပ်၌ နှစ်ရက် ထပ်၍နေတော်မူ၏။