12 ထိုအခါ တပည့်တော်တို့က “သခင်ဘုရား၊ သူအိပ်ပျော်ပြီဆိုလျှင် သက်သာပါလိမ့်မည်”ဟု လျှောက်ကြ၏။
13 ယေရှုသည် လာဇရု၏သေဆုံးခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသော်လည်း အနားယူအိပ်စက်ခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြ၏။
14 ထို့ကြောင့် ယေရှုသည် သူတို့အား အတိအလင်းပြောဆို၍ “လာဇရုသေပြီ။
15 သို့သော် သင်တို့ယုံကြည်ကြရန် ထိုအရပ်၌ ငါမရှိခဲ့သည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့သွားကြစို့”ဟု မိန့်တော်မူ၏။
16 ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။
17 ယေရှုရောက်တော်မူသောအခါ လာဇရုကို ဂူသွင်းသင်္ဂြိုဟ်ပြီး လေးရက်ပင်ရှိပြီဖြစ်ကြောင်းကို တွေ့ရှိတော်မူ၏။
18 ဗေသနိရွာသည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာ၌ရှိသည်ဖြစ်၍