15 ဤသည်ကား “ဇိအုန်သမီး၊ မကြောက်နှင့်။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏”ဟု ရေးထားသည့်အတိုင်းဖြစ်၏။
16 ဤအရာများကို တပည့်တော်တို့သည် အစက နားမလည်ခဲ့ကြ။ သို့သော် ယေရှုဘုန်းတော်ထင်ရှားခြင်းရှိတော်မူသောအခါမှသာ ဤအရာများသည် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားခဲ့ခြင်းဖြစ်ပြီး လူတို့သည် ကိုယ်တော်အပေါ် ထိုအတိုင်းပြုခဲ့ကြောင်းကို ပြန်လည်သတိရကြ၏။
17 ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။
18 လူထုပရိသတ်တို့သည် ကိုယ်တော်ကိုဆီးကြိုကြခြင်းမှာ ဤသို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူကြောင်း ကြားသိခဲ့ကြသောကြောင့်လည်းဖြစ်၏။
19 ထို့ကြောင့် ဖာရိရှဲတို့က “တွေ့သလော။ သင်တို့လုပ်ရပ်တစ်ခုမျှအကျိုးမရှိ။ ကြည့်ပါ။ တစ်ကမ္ဘာလုံး သူ့နောက်သို့လိုက်သွားကြပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
20 ပွဲတော်တွင် ဝတ်ပြုကိုးကွယ်ရန် တက်လာကြသောသူတို့ထဲ၌ ဂရိလူမျိုးအချို့ပါ၏။
21 သူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံချဉ်းကပ်၍ “ဆရာ၊ အကျွန်ုပ်တို့သည် ယေရှုကိုတွေ့မြင်လိုပါသည်”ဟု တောင်းဆိုကြ၏။