ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:13-19 MSB

13 သင်​တို့​သည် ငါ့​ကို ဆ​ရာ​ဟူ​၍​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အ​တိုင်း​ဖြစ်​သော​ကြောင့် သင်​တို့ ထို​သို့​ခေါ်​ကြ​သည်​မှာ လျောက်​ပတ်​ပေ​၏။

14 ထို့​ကြောင့် သ​ခင်​ဘု​ရား​ဖြစ်​လျက် ဆ​ရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး​ရ​ကြ​မည်။

15 သင်​တို့​၌ ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံ​န​မူ​နာ​ကို ငါ​ပြ​ခဲ့​၏။

16 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကျွန်​သည် သူ့​သ​ခင်​ထက် ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​တ​မန်​သည်​လည်း သူ့​ကို​စေ​လွှတ်​သော​သူ​ထက် ကြီး​မြတ်​သည်​မ​ဟုတ်။

17 ဤ​အ​ရာ​များ​ကို သင်​တို့​သိ​မှတ်​၍ ထို​အ​တိုင်း​ကျင့်​သုံး​လျှင် သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

18 သင်​တို့​အား​လုံး​ကို ငါ​ရည်​ညွှန်း​ပြော​ဆို​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့​သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖ​နောင့်​နှင့်​ပေါက်​လေ​၏’​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ရ​မည်။

19 ထို​အ​ခြင်း​အ​ရာ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ခြင်း​အ​ရာ​မ​ဖြစ်​ပျက်​မီ ယ​ခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။