ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:30-36 MSB

30 ယု​ဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​လျှင် ချက်​ချင်း​ထွက်​သွား​လေ​၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်​၏။

31 ယု​ဒ​ထွက်​သွား​ပြီး​နောက် ယေ​ရှု​က “ယ​ခု​အ​ခါ လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​သည်​လည်း လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​ပြီ။

32 ဘု​ရား​သ​ခင်​သည် လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​လျှင် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့်​လည်း လူ့​သား​ကို​ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​၍ ထို​ဘုန်း​တော်​ကို ချက်​ချင်း​ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။

33 ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​တာ​မျှ​သာ နေ​ရ​တော့​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူ​မျိုး​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု သင်​တို့​ကို​လည်း ငါ​ပြော​၏။

34 သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်း​တူ သင်​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​ချက်​အ​သစ်​ကို သင်​တို့​အား ငါ​ပေး​၏။

35 သင်​တို့​အ​ချင်း​ချင်း​ကြား​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်​၍ သင်​တို့​သည် ငါ့​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သိ​ကြ​လိမ့်​မည်”​ဟု​မိန့်​တော်​မူ​၏။

36 ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​မည်​သည့်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း”​ဟု မေး​လျှောက်​လျှင် ယေ​ရှု​က “ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည် ယ​ခု​မ​လိုက်​နိုင်။ သို့​သော် နောင်​အ​ခါ​တွင် လိုက်​ရ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။