ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 14:28-31 MSB

28 ငါ​သည် သွား​သော်​လည်း သင်​တို့​ထံ​သို့​ပြန်​လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​သည့်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။

29 ထို​အ​ခြင်း​အ​ရာ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန် မ​ဖြစ်​ပျက်​မီ​က​ပင် သင်​တို့​ကို ယ​ခု ငါ​ပြော​ထား​၏။

30 ငါ​သည် သင်​တို့​နှင့် များ​စွာ​ပြော​တော့​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် ရောက်​လာ​တော့​မည်။ သူ​သည် ငါ့​အ​ပေါ်​၌ မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။

31 သို့​ရာ​တွင် ငါ​သည် ခ​မည်း​တော်​ကို​ချစ်​ကြောင်း ဤ​လော​က​အား​သိ​စေ​ရန် ငါ့​ကို ခ​မည်း​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အ​ရပ်​မှ​သွား​ကြ​ကုန်​စို့။