ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15:1-4 MSB

1 ငါ​သည် စစ်​မှန်​သော​စ​ပျစ်​ပင်​ဖြစ်​၏။ ငါ့​ခ​မည်း​တော်​ကား ဥ​ယျာဉ်​မှူး​ဖြစ်​တော်​မူ​၏။

2 ငါ​၌​အ​သီး​မ​သီး​သော​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို ခ​မည်း​တော်​သည် ခုတ်​ပစ်​တော်​မူ​၏။ အ​သီး​သီး​သော​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​မူ ပို​၍​များ​စွာ​အ​သီး​သီး​စေ​ရန် ကိုင်း​ဖြတ်​ပြု​ပြင်​တော်​မူ​၏။

3 သင်​တို့​သည် သင်​တို့​အား ငါ​ဟော​ပြော​သော​တ​ရား​စ​ကား​အား​ဖြင့် စင်​ကြယ်​လျက်​ရှိ​ကြ​ပြီ။

4 ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည် စ​ပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အ​လို​အ​လျောက်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အ​သီး​မ​သီး​နိုင်။