ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:1-6 MSB

1 ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ထုတ်​ဆောင်​၍ ဒဏ်​ခတ်​ရိုက်​နှက်​စေ​၏။

2 စစ်​သား​တို့​သည်​လည်း ဆူး​ပင်​ကို သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​ပြီး ကိုယ်​တော်​၏​ဦး​ခေါင်း​ပေါ်​၌ ဆောင်း​စေ​၍ ခ​ရမ်း​ရောင်​ဝတ်​ရုံ​ကို ဝတ်​စေ​ပြီး​လျှင်

3 ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​လျက် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ဆို​ပြီး ကိုယ်​တော်​ကို​ရိုက်​ပုတ်​ကြ​၏။

4 ပိ​လတ်​မင်း​သည် နောက်​တစ်​ဖန် အ​ပြင်​သို့​ထွက်​လာ​၍ “နား​ထောင်​ကြ​လော့။ ထို​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိ​မြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်​ဆောင်​လာ​မည်”​ဟု ဆို​၏။

5 ထို​အ​ခါ ယေ​ရှု​သည် ဆူး​သ​ရ​ဖူ​နှင့်​ခ​ရမ်း​ရောင်​ဝတ်​ရုံ​ကို ဝတ်​ဆင်​လျက် အ​ပြင်​သို့​ထွက်​လာ​၏။ ပိ​လတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။

6 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် အ​စောင့်​တပ်​သား​တို့​သည် ကိုယ်​တော်​ကို​မြင်​သော​အ​ခါ “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။ ပိ​လတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ မ​တွေ့​သော​ကြောင့် သင်​တို့​ကိုယ်​တိုင် သူ့​ကို​ခေါ်​သွား​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။