ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2:9-15 MSB

9 ပွဲ​အုပ်​သည် စ​ပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်း​စမ်း​၏။ ရေ​ခပ်​ခဲ့​သော​အ​စေ​ခံ​တို့​သည် ထို​စ​ပျစ်​ဝိုင်​ကို အ​ဘယ်​က​ရ​သည်​ကို​သိ​ကြ​သော်​လည်း ပွဲ​အုပ်​သည် မ​သိ​သ​ဖြင့် သ​တို့​သား​ကို​ခေါ်​၍

10 “လူ​တိုင်း ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ဦး​စွာ​ချ​ပေး​ပြီး လူ​တို့​ယစ်​မူး​ကြ​သော​အ​ခါ​မှ အ​ညံ့​ကို​ချ​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ယ​ခု​အ​ထိ သိမ်း​ထား​ပြီ​တ​ကား”​ဟု ဆို​၏။

11 ယေ​ရှု​သည် ဤ​ပ​ထ​မ​နိ​မိတ်​လက္ခ​ဏာ​ကို ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​၌​ပြု​လျက် မိ​မိ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

12 ထို့​နောက် ကိုယ်​တော်​သည် မယ်​တော်၊ ညီ​တော်​များ၊ တ​ပည့်​တော်​များ​နှင့်​အ​တူ က​ပေ​ရ​နောင်​မြို့​သို့​ကြွ​၍ ထို​မြို့​၌ ရက်​အ​နည်း​ငယ်​နေ​တော်​မူ​၏။

13 ဂျူး​လူ​မျိုး​တို့​၏​ပ​သ​ခါ​ပွဲ​တော်​နီး​ကပ်​လာ​ပြီ​ဖြစ်​သ​ဖြင့် ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။

14 ဗိ​မာန်​တော်​၌ သိုး၊ နွား​နှင့် ချိုး​ငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှ​စ​၍ ငွေ​လဲ​ပွဲ​စား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်​မူ​ရာ

15 ကိုယ်​တော်​သည် ကြိုး​များ​ဖြင့် ကျာ​ပွတ်​ကို​ပြု​လုပ်​ပြီး​လျှင် သိုး၊ နွား​တို့​နှင့်​တ​ကွ ထို​သူ​အ​ပေါင်း​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​နှင်​ထုတ်​၍ ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်​ချ​ကာ သူ​တို့​၏​စား​ပွဲ​များ​ကို​မှောက်​လှန်​တော်​မူ​၏။