17 ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို ပြစ်ဒဏ်စီရင်ရန်မဟုတ်။ လောကီသားတို့သည် သားတော်အားဖြင့် ကယ်တင်ခြင်းခံရရန်အတွက်ဖြစ်၏။
18 သားတော်ကိုယုံကြည်သောသူသည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီဖြစ်၏။
19 စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။
20 ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
21 သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။
22 ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်တကွ ယုဒနယ်သို့ကြွတော်မူပြီး ထိုအရပ်၌ သူတို့နှင့်အတူနေလျက် ဗတ္တိဇံပေးတော်မူ၏။
23 ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။