30 ထိုအရှင်သည် တိုးပွားရမည်။ ငါမူကား ဆုတ်ယုတ်ရမည်”ဟု ပြန်ပြောလေ၏။
31 အထက်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်ဆိုင်၍ မြေကြီးနှင့်ဆိုင်သောအရာကိုပြောဆိုတတ်၏။ ကောင်းကင်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။
32 ကိုယ်တော်သည် မိမိမြင်ခဲ့၊ ကြားခဲ့ရသောအရာကို သက်သေခံသော်လည်း ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှလက်မခံကြ။
33 ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူကား ဘုရားသခင်သည်ဖြောင့်မှန်တော်မူကြောင်း တံဆိပ်ခတ်နှိပ်၏။
34 ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
35 ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
36 သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။