1 ယေရှုသည် ယောဟန်ထက် ပို၍များသောသူတို့ကိုတပည့်တော်ဖြစ်စေ၍ ဗတ္တိဇံပေးနေသည်ဟု ဖာရိရှဲတို့ကြားသိကြောင်း ယေရှုသိတော်မူသောအခါ
2 (အမှန်အားဖြင့် ယေရှုကိုယ်တိုင်ဗတ္တိဇံပေးတော်မူသည်မဟုတ်ဘဲ တပည့်တော်တို့ကသာပေးခြင်းဖြစ်၏။)
3 ကိုယ်တော်သည် ယုဒနယ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ တစ်ဖန်ကြွတော်မူ၏။
4 ကိုယ်တော်သည် ရှမာရိနယ်ကိုဖြတ်သွားရသည်ဖြစ်၍
5 ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။
6 ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိလေရာ ယေရှုသည် ခရီးပန်းသဖြင့် ထိုရေတွင်းနားမှာထိုင်နေတော်မူ၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။