ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:14-20 MSB

14 ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ ရေ​ငတ်​မည်​မ​ဟုတ်။ ထို​ထက်​မ​က ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာ​ဝ​ရ​အ​သက်​တိုင်​အောင် ရေ​ပန်း​ထွက်​ရာ စမ်း​ရေ​ပေါက်​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

15 ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ ကျွန်​မ​သည် ရေ​မ​ငတ်​စေ​ရန်​နှင့် ဤ​နေ​ရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်​မ​အား​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လျှင်

16 ယေ​ရှု​က “သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေ​ရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

17 ထို​အ​မျိုး​သ​မီး​က​လည်း “ကျွန်​မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေ​ရှု​က “ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။

18 အ​ဘယ်​ကြောင့်​ဆို​သော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယ​ခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သော​ကြောင့် သင်​ပြော​သော​စ​ကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်​မူ​၏။

19 ထို​အ​မျိုး​သ​မီး​က​လည်း “အ​ရှင်၊ အ​ရှင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို ကျွန်​မ​ရိပ်​မိ​ပါ​၏။

20 ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်​၌ ဝတ်​ပြု​ကိုး​ကွယ်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​တို့​က​မူ ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​နေ​ရာ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သည်​ဟူ​၍ ပြော​ဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။