15 ထိုအမျိုးသမီးက “အရှင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့လာ၍ ရေမခပ်ရလေအောင် ထိုရေကို ကျွန်မအားပေးတော်မူပါ”ဟု လျှောက်လျှင်
16 ယေရှုက “သွား၍ သင်၏ယောက်ျားကိုခေါ်ပြီး ဤနေရာသို့လာခဲ့လော့”ဟု မိန့်တော်မူ၏။
17 ထိုအမျိုးသမီးကလည်း “ကျွန်မမှာ ယောက်ျားမရှိပါ”ဟု ပြန်လျှောက်လေ၏။ ယေရှုက “ယောက်ျားမရှိဟု သင်ပြောသည်မှာ မှန်ပေ၏။
18 အဘယ်ကြောင့်ဆိုသော် သင်၌ ယောက်ျားငါးယောက်ရှိခဲ့လေပြီ။ ယခု သင်ပေါင်းနေသောသူသည်လည်း သင်၏ယောက်ျားမဟုတ်သောကြောင့် သင်ပြောသောစကားသည် မှန်ပေ၏”ဟု မိန့်တော်မူ၏။
19 ထိုအမျိုးသမီးကလည်း “အရှင်၊ အရှင်သည် ပရောဖက်ဖြစ်သည်ကို ကျွန်မရိပ်မိပါ၏။
20 ကျွန်မတို့၏ဘိုးဘေးများသည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါ၏။ အရှင်တို့ကမူ ဝတ်ပြုကိုးကွယ်ရမည့်နေရာသည် ဂျေရုဆလင်မြို့၌ရှိသည်ဟူ၍ ပြောဆိုကြပါ၏”ဟု လျှောက်လေ၏။
21 ယေရှုက “အသင်မိန်းမ၊ ငါ့စကားကိုယုံလော့။ သင်တို့သည် ဤတောင်ပေါ်၌လည်းမဟုတ်၊ ဂျေရုဆလင်မြို့၌လည်းမဟုတ်သည့်အရပ်တွင် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ကာလရောက်လာလိမ့်မည်။