22 ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။
23 သို့သော် စစ်မှန်သောကိုးကွယ်သူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် ထိုသို့ကိုးကွယ်သောသူတို့ကို အလိုရှိတော်မူ၏။
24 ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ကိုးကွယ်ရမည်”ဟု မိန့်တော်မူ၏။
25 ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင်
26 ယေရှုက “သင်နှင့်စကားပြောနေသောငါသည် ထိုအရှင်ပင်ဖြစ်၏”ဟု မိန့်တော်မူ၏။
27 ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် ‘မည်သည့်အလိုရှိတော်မူသနည်း’ဟူ၍လည်းကောင်း၊ ‘အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း’ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။
28 ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင်