ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:26-32 MSB

26 ယေ​ရှု​က “သင်​နှင့်​စ​ကား​ပြော​နေ​သော​ငါ​သည် ထို​အ​ရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

27 ထို​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည်​ပြန်​လာ​၍ အ​မျိုး​သ​မီး​တစ်​ဦး​နှင့် ယေ​ရှု​စ​ကား​ပြော​လျက်​နေ​တော်​မူ​သည်​ကို အံ့​သြ​ကြ​၏။ သို့​သော် ‘မည်​သည့်​အ​လို​ရှိ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း၊ ‘အ​ဘယ်​ကြောင့် ထို​အ​မျိုး​သ​မီး​နှင့် စ​ကား​ပြော​လျက်​နေ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း မည်​သူ​မျှ မ​မေး​လျှောက်​ကြ​ချေ။

28 ထို​အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​၏​ရေ​အိုး​ကို​ထား​ခဲ့​၍ မြို့​ထဲ​သို့​သွား​ပြီး​လျှင်

29 “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ကျွန်​မ​အား​ထုတ်​ဖော်​ပြော​ဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခ​ရစ်​တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သ​ဖြင့်

30 လူ​တို့​သည် မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​ထံ​သို့​လာ​ကြ​၏။

31 ထို​အ​ချိန်​အ​တော​အ​တွင်း​၌ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံး​ဆောင်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​ပန်​ကြား​ကြ​၏။

32 သို့​သော် ကိုယ်​တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စား​စ​ရာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။