ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:28-34 MSB

28 ထို​အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​၏​ရေ​အိုး​ကို​ထား​ခဲ့​၍ မြို့​ထဲ​သို့​သွား​ပြီး​လျှင်

29 “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ကျွန်​မ​အား​ထုတ်​ဖော်​ပြော​ဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခ​ရစ်​တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သ​ဖြင့်

30 လူ​တို့​သည် မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​ထံ​သို့​လာ​ကြ​၏။

31 ထို​အ​ချိန်​အ​တော​အ​တွင်း​၌ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံး​ဆောင်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​ပန်​ကြား​ကြ​၏။

32 သို့​သော် ကိုယ်​တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စား​စ​ရာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

33 ထို့​ကြောင့် တ​ပည့်​တော်​တို့​က “တစ်​စုံ​တစ်​ယောက်​သည် ကိုယ်​တော်​အား စား​စ​ရာ​ကို​ယူ​လာ​ပေး​ပြီ​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

34 ယေ​ရှု​က​လည်း “ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​၏​အ​လို​တော်​ကို ဆောင်​ရွက်​၍ သူ​၏​အ​မှု​တော်​ကို​ပြီး​မြောက်​စေ​ခြင်း​သည် ငါ​၏​အ​စား​အ​စာ​ဖြစ်​၏။