ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:31-37 MSB

31 ထို​အ​ချိန်​အ​တော​အ​တွင်း​၌ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံး​ဆောင်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​ပန်​ကြား​ကြ​၏။

32 သို့​သော် ကိုယ်​တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စား​စ​ရာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

33 ထို့​ကြောင့် တ​ပည့်​တော်​တို့​က “တစ်​စုံ​တစ်​ယောက်​သည် ကိုယ်​တော်​အား စား​စ​ရာ​ကို​ယူ​လာ​ပေး​ပြီ​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

34 ယေ​ရှု​က​လည်း “ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​၏​အ​လို​တော်​ကို ဆောင်​ရွက်​၍ သူ​၏​အ​မှု​တော်​ကို​ပြီး​မြောက်​စေ​ခြင်း​သည် ငါ​၏​အ​စား​အ​စာ​ဖြစ်​၏။

35 သင်​တို့​က ‘ရိတ်​သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို မျှော်​ကြည့်​ကြ​လော့။ ရိတ်​သိမ်း​ရန်​အ​သင့်​ရှိ​လျက် ဝင်း​မှည့်​နေ​ပြီ။

36 မျိုး​ကြဲ​သော​သူ​နှင့်​ရိတ်​သိမ်း​သော​သူ​သည် အ​တူ​တ​ကွ​ဝမ်း​မြောက်​ကြ​မည့်​အ​ကြောင်း ရိတ်​သိမ်း​သော​သူ​သည် ဆု​လာဘ်​ကို​ရ​ရှိ​လျက် ထာ​ဝ​ရ​အ​သက်​အ​တွက် အ​သီး​အ​နှံ​ကို​စု​သိမ်း​နှင့်​ပြီ။

37 ထို့​ကြောင့် ‘တစ်​ဦး​က မျိုး​ကြဲ​လျက် အ​ခြား​တစ်​ဦး​က ရိတ်​သိမ်း​၏’​ဟူ​သော​ဆို​ရိုး​စ​ကား​သည် ဤ​နေ​ရာ​၌ မှန်​ကန်​၏။