ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:38-44 MSB

38 သင်​တို့​လုပ်​အား​မ​စိုက်​ခဲ့​သော​အ​ရာ​ကို ရိတ်​သိမ်း​ရန် သင်​တို့​အား ငါ​စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​သည် လုပ်​အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အား​စိုက်​မှု​ရ​လဒ်​၌ ပါ​ဝင်​ကြ​ရ​၏”​ဟု မိန့်​တော်​မူ​၏။

39 “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ထို​သူ​ထုတ်​ဖော်​ပြော​ဆို​ခဲ့​သည်”​ဟု သက်​သေ​ခံ​သော​ရှ​မာ​ရိ​အ​မျိုး​သ​မီး​၏​စ​ကား​ကြောင့် ထို​မြို့​မှ​ရှ​မာ​ရိ​နယ်​သား​များ​စွာ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

40 သို့​ဖြစ်​၍ ရှ​မာ​ရိ​နယ်​သား​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​၌ တည်း​ခို​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ထို​အ​ရပ်​တွင် နှစ်​ရက်​တည်း​ခို​တော်​မူ​၏။

41 ထို​အ​ခါ ပို​၍​များ​စွာ​သော​သူ​တို့​သည် ကိုယ်​တော်​၏​စ​ကား​တော်​ကြောင့် ယုံ​ကြည်​ကြ​၏။

42 သူ​တို့​က ထို​အ​မျိုး​သ​မီး​အား “ယ​ခု ငါ​တို့​ယုံ​ကြည်​ကြ​သည်​မှာ သင်​ပြော​ဆို​သော​စ​ကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်​တိုင်​ကြား​နာ​ရ​သ​ဖြင့် ဤ​သူ​သည် လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။

43 နှစ်​ရက်​လွန်​သော် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့​ကြွ​တော်​မူ​၏။

44 ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့​၌ ဂုဏ်​သ​ရေ​မ​ရှိ​ကြောင်း ယေ​ရှု​ကိုယ်​တိုင်​သက်​သေ​ခံ​တော်​မူ​၏။