4 ကိုယ်တော်သည် ရှမာရိနယ်ကိုဖြတ်သွားရသည်ဖြစ်၍
5 ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။
6 ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိလေရာ ယေရှုသည် ခရီးပန်းသဖြင့် ထိုရေတွင်းနားမှာထိုင်နေတော်မူ၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။
7 ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန်ရောက်ရှိလာရာ ယေရှုက “ငါသောက်ဖို့ရေပေးပါ”ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။
8 တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။
9 ထိုရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သောကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းရသနည်း”ဟု ဆို၏။ [ထိုသို့ဆိုသည့်အကြောင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိနယ်သားတို့နှင့် ပေါင်းသင်းဆက်ဆံလေ့မရှိသောကြောင့်ဖြစ်၏။]
10 ယေရှုကလည်း “ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။