ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:43-49 MSB

43 နှစ်​ရက်​လွန်​သော် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့​ကြွ​တော်​မူ​၏။

44 ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့​၌ ဂုဏ်​သ​ရေ​မ​ရှိ​ကြောင်း ယေ​ရှု​ကိုယ်​တိုင်​သက်​သေ​ခံ​တော်​မူ​၏။

45 ဂါ​လိ​လဲ​နယ်​သို့​ရောက်​တော်​မူ​သော​အ​ခါ ဂါ​လိ​လဲ​နယ်​သား​တို့​သည် ကိုယ်​တော်​ကို​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည်​လည်း ပွဲ​တော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲ​တော်​ကာ​လ​အ​တွင်း ဂျေ​ရု​ဆ​လင်​မြို့​၌ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အား​လုံး​တို့​ကို မြင်​ခဲ့​ကြ​၏။

46 ထို့​နောက် ယေ​ရှု​သည် ရေ​ကို​စ​ပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​အ​ခါ​၌ က​ပေ​ရ​နောင်​မြို့​တွင် မှူး​မတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာ​မ​ကျန်း​ဖြစ်​နေ​၏။

47 ယု​ဒ​နယ်​မှ ဂါ​လိ​လဲ​နယ်​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို ထို​မှူး​မတ်​သည်​ကြား​သော​အ​ခါ သူ​၏​သား သေ​အံ့​ဆဲ​ဆဲ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ထံ​သို့​သွား​ပြီး​လျှင် ကြွ​လာ​၍ သား​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ​ရန် တောင်း​ပန်​လေ​၏။

48 ယေ​ရှု​က​လည်း “သင်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို မ​မြင်​ရ​လျှင် မည်​သည့်​အ​ခါ​မျှ ယုံ​ကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

49 ထို​မှူး​မတ်​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​လာ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။