ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:46-52 MSB

46 ထို့​နောက် ယေ​ရှု​သည် ရေ​ကို​စ​ပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​အ​ခါ​၌ က​ပေ​ရ​နောင်​မြို့​တွင် မှူး​မတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာ​မ​ကျန်း​ဖြစ်​နေ​၏။

47 ယု​ဒ​နယ်​မှ ဂါ​လိ​လဲ​နယ်​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို ထို​မှူး​မတ်​သည်​ကြား​သော​အ​ခါ သူ​၏​သား သေ​အံ့​ဆဲ​ဆဲ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ထံ​သို့​သွား​ပြီး​လျှင် ကြွ​လာ​၍ သား​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ​ရန် တောင်း​ပန်​လေ​၏။

48 ယေ​ရှု​က​လည်း “သင်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို မ​မြင်​ရ​လျှင် မည်​သည့်​အ​ခါ​မျှ ယုံ​ကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

49 ထို​မှူး​မတ်​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​လာ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

50 ယေ​ရှု​က​လည်း “သွား​လော့။ သင်​၏​သား အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​မှူး​မတ်​သည် မိ​မိ​အား ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို​ယုံ​ကြည်​၍ ပြန်​သွား​လေ​၏။

51 အ​ပြန်​လမ်း​တွင် သူ​၏​အ​စေ​အ​ပါး​တို့​သည် သူ့​ကို​ဆီး​ကြို​လျက် သူ့​သား​အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြော​ကြား​ကြ​၏။

52 ထို​အ​ခါ သူ​သည် မိ​မိ​၏​သား သက်​သာ​သွား​သည့်​အ​ချိန်​ကို အ​စေ​ခံ​တို့​အား​မေး​မြန်း​လျှင် သူ​တို့​က “မ​နေ့​မွန်း​လွဲ​တစ်​နာ​ရီ​တွင် အ​ဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။