ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:49-54 MSB

49 ထို​မှူး​မတ်​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​လာ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

50 ယေ​ရှု​က​လည်း “သွား​လော့။ သင်​၏​သား အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​မှူး​မတ်​သည် မိ​မိ​အား ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို​ယုံ​ကြည်​၍ ပြန်​သွား​လေ​၏။

51 အ​ပြန်​လမ်း​တွင် သူ​၏​အ​စေ​အ​ပါး​တို့​သည် သူ့​ကို​ဆီး​ကြို​လျက် သူ့​သား​အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြော​ကြား​ကြ​၏။

52 ထို​အ​ခါ သူ​သည် မိ​မိ​၏​သား သက်​သာ​သွား​သည့်​အ​ချိန်​ကို အ​စေ​ခံ​တို့​အား​မေး​မြန်း​လျှင် သူ​တို့​က “မ​နေ့​မွန်း​လွဲ​တစ်​နာ​ရီ​တွင် အ​ဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။

53 ထို​အ​ချိန်​သည် “သင်​၏​သား အ​သက်​ချမ်း​သာ​ရာ​ရ​ပြီ”​ဟု ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ဖြစ်​ကြောင်း​ကို ဖ​ခင်​သိ​သ​ဖြင့် သူ​ကိုယ်​တိုင်​မှ​စ​၍ သူ​၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ကြ​၏။

54 ဤ​သည်​ကား ယု​ဒ​နယ်​မှ ဂါ​လိ​လဲ​နယ်​ထဲ​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​ပြီး​နောက် ထပ်​မံ​၍​ပြု​တော်​မူ​သော ဒု​တိ​ယ​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။