ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:5-11 MSB

5 ယာ​ကုပ်​က မိ​မိ​၏​သား​ယော​သပ်​အား ပေး​ခဲ့​သည့်​မြေ​ကွက်​အ​နီး​ရှိ ရှု​ခါ​ဟု​ခေါ်​သော ရှ​မာ​ရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်​မူ​၏။

6 ထို​အ​ရပ်​၌ ယာ​ကုပ်​၏​ရေ​တွင်း​ရှိ​လေ​ရာ ယေ​ရှု​သည် ခ​ရီး​ပန်း​သ​ဖြင့် ထို​ရေ​တွင်း​နား​မှာ​ထိုင်​နေ​တော်​မူ​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။

7 ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်​ရှိ​လာ​ရာ ယေ​ရှု​က “ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အ​မျိုး​သ​မီး​အား မိန့်​တော်​မူ​၏။

8 တ​ပည့်​တော်​တို့​ကား အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။

9 ထို​ရှ​မာ​ရိ​အ​မျိုး​သ​မီး​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​ဖြစ်​လျက်​နှင့် ရှ​မာ​ရိ​အ​မျိုး​သ​မီး​ဖြစ်​သော​ကျွန်​မ​ထံ​မှ သောက်​ရေ​ကို အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း”​ဟု ဆို​၏။ [ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ရှ​မာ​ရိ​နယ်​သား​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​လေ့​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။]

10 ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြော​ဆို​နေ​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အ​သက်​ရေ​ကို​ပေး​ခဲ့​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

11 ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ အ​ရှင့်​မှာ​ရေ​ခပ်​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ဤ​ရေ​တွင်း​လည်း​နက်​သည်​ဖြစ်​၍ ထို​အ​သက်​ရေ​ကို အ​ဘယ်​က​ရ​ပါ​မည်​နည်း။