50 ယေရှုကလည်း “သွားလော့။ သင်၏သား အသက်ချမ်းသာရာရပြီ”ဟု မိန့်တော်မူ၏။ ထိုမှူးမတ်သည် မိမိအား ယေရှုမိန့်တော်မူသောစကားကိုယုံကြည်၍ ပြန်သွားလေ၏။
51 အပြန်လမ်းတွင် သူ၏အစေအပါးတို့သည် သူ့ကိုဆီးကြိုလျက် သူ့သားအသက်ချမ်းသာရာရပြီဖြစ်ကြောင်း ပြောကြားကြ၏။
52 ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။
53 ထိုအချိန်သည် “သင်၏သား အသက်ချမ်းသာရာရပြီ”ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို ဖခင်သိသဖြင့် သူကိုယ်တိုင်မှစ၍ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ကြ၏။
54 ဤသည်ကား ယုဒနယ်မှ ဂါလိလဲနယ်ထဲသို့ ယေရှုကြွလာတော်မူပြီးနောက် ထပ်မံ၍ပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်၏။