ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:8-14 MSB

8 တ​ပည့်​တော်​တို့​ကား အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။

9 ထို​ရှ​မာ​ရိ​အ​မျိုး​သ​မီး​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​ဖြစ်​လျက်​နှင့် ရှ​မာ​ရိ​အ​မျိုး​သ​မီး​ဖြစ်​သော​ကျွန်​မ​ထံ​မှ သောက်​ရေ​ကို အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း”​ဟု ဆို​၏။ [ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ရှ​မာ​ရိ​နယ်​သား​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​လေ့​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။]

10 ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြော​ဆို​နေ​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အ​သက်​ရေ​ကို​ပေး​ခဲ့​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

11 ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ အ​ရှင့်​မှာ​ရေ​ခပ်​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ဤ​ရေ​တွင်း​လည်း​နက်​သည်​ဖြစ်​၍ ထို​အ​သက်​ရေ​ကို အ​ဘယ်​က​ရ​ပါ​မည်​နည်း။

12 အ​ရှင်​သည် ကျွန်​မ​တို့​၏​အ​ဖ ယာ​ကုပ်​ထက် ကြီး​မြတ်​ပါ​သ​လော။ ယာ​ကုပ်​သည် ဤ​ရေ​တွင်း​ကို ကျွန်​မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်​တိုင်​မှ​စ​၍ သူ​၏​သား​သ​မီး​များ​နှင့် သူ​မွေး​မြူ​သော​တိ​ရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

13 ယေ​ရှု​က​လည်း “ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​ဦး​မည်။

14 ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ ရေ​ငတ်​မည်​မ​ဟုတ်။ ထို​ထက်​မ​က ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာ​ဝ​ရ​အ​သက်​တိုင်​အောင် ရေ​ပန်း​ထွက်​ရာ စမ်း​ရေ​ပေါက်​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။