1 ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
2 ဂျေရုဆလင်မြို့၌ သိုးတံခါးအနီးတွင် ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒဟုခေါ်သည့် မုခ်ဆောင်ငါးဆောင်ရှိသောရေကန်တစ်ကန်ရှိ၏။
3 ထိုမုခ်ဆောင်တို့၌ မျက်မမြင်များ၊ ခြေမသန်စွမ်းသူများ၊ အကြောသေချည့်နဲ့သူများနှင့် နာမကျန်းဖြစ်သူအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ [သူတို့သည် ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေခြင်းဖြစ်၏။
4 အကြောင်းမှာ ကောင်းကင်တမန်သည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားသည့်နောက် ရေထဲသို့ အဦးဆုံးဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းတတ်၏။]
5 ထိုနေရာတွင် သုံးဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်သူတစ်ဦးရှိ၏။