ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:1-7 MSB

1 ထို့​နောက် ဂျူး​လူ​မျိုး​တို့​၏​ပွဲ​တော်​ရှိ​သ​ဖြင့် ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​တော်​မူ​၏။

2 ဂျေ​ရု​ဆ​လင်​မြို့​၌ သိုး​တံ​ခါး​အ​နီး​တွင် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​ဟု​ခေါ်​သည့် မုခ်​ဆောင်​ငါး​ဆောင်​ရှိ​သော​ရေ​ကန်​တစ်​ကန်​ရှိ​၏။

3 ထို​မုခ်​ဆောင်​တို့​၌ မျက်​မ​မြင်​များ၊ ခြေ​မ​သန်​စွမ်း​သူ​များ၊ အ​ကြော​သေ​ချည့်​နဲ့​သူ​များ​နှင့် နာ​မ​ကျန်း​ဖြစ်​သူ​အ​မြောက်​အ​မြား​တို့​သည် လဲ​လျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို စောင့်​မျှော်​နေ​ခြင်း​ဖြစ်​၏။

4 အ​ကြောင်း​မှာ ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့ တစ်​ခါ​တစ်​ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်​ရှား​စေ​တတ်​၏။ ထို​သို့ ရေ​လှုပ်​ရှား​သည့်​နောက် ရေ​ထဲ​သို့ အ​ဦး​ဆုံး​ဆင်း​သော​သူ​သည် မည်​သည့်​ရော​ဂါ​စွဲ​ကပ်​နေ​သည်​ဖြစ်​စေ ရော​ဂါ​ပျောက်​ကင်း​တတ်​၏။]

5 ထို​နေ​ရာ​တွင် သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။

6 ထို​သူ​လဲ​လျောင်း​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ​၍ ကာ​လ​ကြာ​မြင့်​စွာ​ခံ​စား​နေ​ရ​သော​အ​ဖြစ်​ကို​သိ​သ​ဖြင့် “သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လို​သ​လော”​ဟု မေး​တော်​မူ​၏။

7 နာ​မ​ကျန်း​ဖြစ်​သူ​က “သ​ခင်​ဘု​ရား၊ ရေ​လှုပ်​ရှား​သော​အ​ခါ အ​ကျွန်ုပ်​ကို ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​သွား​မည်​ပြု​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ထက် အ​လျင်​ဦး​စွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။