10 သို့ဖြစ်၍ ဂျူးလူမျိုးတို့က “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင်သည် ကိုယ့်အိပ်ရာကိုဆောင်ယူခြင်းမှာ တရားတော်နှင့်မညီ”ဟု ရောဂါပျောက်ကင်းသောထိုသူအား ပြောဆိုကြ၏။
11 ထိုသူကလည်း “အကျွန်ုပ်ကိုအကောင်းပကတိဖြစ်စေသောသူက ‘သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့သည်”ဟု ပြန်ပြောလေ၏။
12 ဂျူးလူမျိုးတို့ကလည်း “‘အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု သင့်အားဆိုသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
13 သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။
14 ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍ “ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
15 ထိုသူသည်သွား၍ မိမိကိုအကောင်းပကတိဖြစ်စေခဲ့သူမှာ ယေရှုဖြစ်ကြောင်း ဂျူးလူမျိုးတို့အား ပြောကြားလေ၏။
16 ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။