ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:19-26 MSB

19 ထို​အ​ခါ ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သား​တော်​သည် ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​ရာ​ကို​မြင်​၍ ပြု​ခြင်း​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မိ​မိ​ဆန္ဒ​အ​လျောက်​မ​ပြု​နိုင်။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု​၏။

20 ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ​သော​ကြောင့် မိ​မိ​ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​၏။ သင်​တို့​အံ့​သြ​ခြင်း​ရှိ​ကြ​စေ​ရန် ဤ​ထက်​ကြီး​မြတ်​သော​အ​မှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်​မူ​လိမ့်​မည်။

21 ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​၍ အ​သက်​ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သော​သူ​တို့​ကို အ​သက်​ရှင်​စေ​၏။

22-23 လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို​ရို​သေ​သ​ကဲ့​သို့ သား​တော်​ကို​ရို​သေ​ကြ​ရန် ခ​မည်း​တော်​သည် မည်​သူ့​ကို​မျှ​တ​ရား​စီ​ရင်​တော်​မ​မူ​ဘဲ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ရှိ​သ​မျှ​ကို သား​တော်​အား​ပေး​အပ်​တော်​မူ​ပြီ​။ သား​တော်​ကို​မ​ရို​သေ​သော​သူ​သည် သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို​မ​ရို​သေ​။

24 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​သည်​ဖြစ်​၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကူး​ပြောင်း​ပြီ​ဖြစ်​၏။

25 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်​၏​အ​သံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အ​သက်​ရှင်​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။

26 အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် မိ​မိ​၌​အ​သက်​ကို​ပိုင်​ဆိုင်​တော်​မူ​သည်​နည်း​တူ သား​တော်​အား​လည်း မိ​မိ​၌​အ​သက်​ကို​ပိုင်​ဆိုင်​ခွင့်​ပေး​တော်​မူ​၏။