ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:32-38 MSB

32 ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သည့် အ​ခြား​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။ ထို​အ​ရှင်​ပေး​သည့် ငါ​နှင့်​ပတ်​သက်​သော​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​ကြောင်း​ကို ငါ​သိ​၏။

33 သင်​တို့​သည် ယော​ဟန်​ထံ​သို့ လူ​ကို​စေ​လွှတ်​ကြ​ရာ သူ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ခဲ့​၏။

34 ထို​သို့​ဆို​သော် လူ​၏​သက်​သေ​ခံ​ချက်​ကို ငါ​ခံ​ယူ​သည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် ဤ​အ​ရာ​များ​ကို ငါ​ပြော​၏။

35 ယော​ဟန်​သည် တောက်​လောင်​၍​ထွန်း​လင်း​သော​ဆီ​မီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အ​လင်း​၌ ခေတ္တ​ခ​ဏ​ရွှင်​မြူး​လို​ကြ​၏။

36 ငါ​၌​မူ​ကား ယော​ဟန်​ထက် ကြီး​မြတ်​သော​သက်​သေ​ခံ​ချက်​ရှိ​၏။ ငါ​ပြီး​မြောက်​အောင်​ဆောင်​ရွက်​ရန် ငါ့​အား​ခ​မည်း​တော်​ပေး​အပ်​တော်​မူ​သော​အ​မှု​များ​ဖြစ်​သည့် ယ​ခု​ငါ​ပြု​နေ​သော​အ​မှု​များ​က​ပင် ခ​မည်း​တော်​သည် ငါ့​အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။

37 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကိုယ်​တိုင်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​၏။ သင်​တို့​မူ​ကား တစ်​ခါ​မျှ သူ​၏​အ​သံ​တော်​ကို​မ​ကြား၊ အ​ဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။

38 သူ​၏​နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​မ​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။