33 သင်တို့သည် ယောဟန်ထံသို့ လူကိုစေလွှတ်ကြရာ သူသည် သမ္မာတရားဘက်၌သက်သေခံခဲ့၏။
34 ထိုသို့ဆိုသော် လူ၏သက်သေခံချက်ကို ငါခံယူသည်မဟုတ်။ သို့ရာတွင် သင်တို့ကယ်တင်ခြင်းခံရရန် ဤအရာများကို ငါပြော၏။
35 ယောဟန်သည် တောက်လောင်၍ထွန်းလင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခေတ္တခဏရွှင်မြူးလိုကြ၏။
36 ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။
37 ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုယ်တိုင်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့မူကား တစ်ခါမျှ သူ၏အသံတော်ကိုမကြား၊ အဆင်းသဏ္ဌာန်တော်ကိုလည်းမမြင်ဖူးကြ။
38 သူ၏နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်မရှိ။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်ကြသောကြောင့်ဖြစ်၏။
39 သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။