ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:6-12 MSB

6 ထို​သူ​လဲ​လျောင်း​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ​၍ ကာ​လ​ကြာ​မြင့်​စွာ​ခံ​စား​နေ​ရ​သော​အ​ဖြစ်​ကို​သိ​သ​ဖြင့် “သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လို​သ​လော”​ဟု မေး​တော်​မူ​၏။

7 နာ​မ​ကျန်း​ဖြစ်​သူ​က “သ​ခင်​ဘု​ရား၊ ရေ​လှုပ်​ရှား​သော​အ​ခါ အ​ကျွန်ုပ်​ကို ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​သွား​မည်​ပြု​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ထက် အ​လျင်​ဦး​စွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

8 ယေ​ရှု​က​လည်း “ထ​လော့။ သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့”​ဟု မိန့်​တော်​မူ​လျှင်

9 ထို​သူ​သည် ချက်​ချင်း​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၍ မိ​မိ​၏​အိပ်​ရာ​ကို​ဆောင်​ယူ​လျက် လမ်း​လျှောက်​လေ​၏။ ထို​နေ့​ကား ဥ​ပုသ်​နေ့​ဖြစ်​၏။

10 သို့​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​က “ယ​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်​ရာ​ကို​ဆောင်​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ”​ဟု ရော​ဂါ​ပျောက်​ကင်း​သော​ထို​သူ​အား ပြော​ဆို​ကြ​၏။

11 ထို​သူ​က​လည်း “အ​ကျွန်ုပ်​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။

12 ဂျူး​လူ​မျိုး​တို့​က​လည်း “‘အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။