1 ထို့နောက် ယေရှုသည် ဂါလိလဲပင်လယ် (တိဗေရိပင်လယ်) တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
2 များစွာသောလူထုပရိသတ်တို့သည်လည်း နာမကျန်းဖြစ်သူတို့အပေါ်၌ ပြုတော်မူသောနိမိတ်လက္ခဏာများကိုမြင်၍ နောက်တော်သို့လိုက်ကြ၏။
3 ယေရှုသည် တောင်ပေါ်သို့တက်သွား၍ ထိုအရပ်၌ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။
4 ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။
5 ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား “ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း”ဟု မေးတော်မူ၏။
6 ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။